Showing posts with label CWM Recovery Mode ထည့်သွင်းနည်း. Show all posts
Showing posts with label CWM Recovery Mode ထည့်သွင်းနည်း. Show all posts

Friday, 4 October 2013

Samsung Glaxy Ace GT-S5830 ကို Android 4.2.2 Custom ROM တင်ရအောင်

ဒီပို့စ်ရဲ့ အကြောင်းအရာကို ဖတ်ပြီး မလုပ်ခင် ဖြစ်လာမယ့် ဆိုးကျိုး ကောင်းကျိုးကို လက်ခံနိုင်မှ ဆက်လုပ်ပါလို့ ဦးစွာ သတိပေးထားပါရစေ.. လက်ခံနိုင်ရင် စရအောင်.

1. ပထမဆုံး. ဖုန်းကို Root လုပ်ထားဖို့လိုအပ်ပါတယ်.. Root လုပ်နည်း အောက်ကလင့်မှာ ကြည့်ပါ..


2. Root ပြီးသားဆိုရင် CWM Recovery အရင်သွင်းရပါမယ်.. အောက်ကလင့်မှာ ဒေါင်းပါ..3. ရလာတဲ့ CWM.zip ကို SD Card ထဲထည့်ပြီး ဖုန်းထဲကိုထည့်ပါ..
4. ဖုန်းကိုပါဝါပိတ်ပါ.. ပြီးရင် Volume Up + Home + Power ကိုနှိပ်ပြီး Recovery Mode ကိုဝင်ပါ.. ပြီးရင် Volume Up/Dwn ကိုသုံးပြီး apply update from sd card ကိုရောက်အောင်ရွှေ့ပြီး Home ကို တစ်ချက်နှိပ်ပါ..
5. SD card ထဲမှာ ခုနက ထည့်ထားတဲ့ ဖိုင် CWM.zip ကိုရွှေ့ပြီး Home ကို တစ်ချက်နှိပ်ပါ.. CWM Install လုပ်နေပါတယ်.. ပြီးသွားရင် reboot system now ကိုရွှေ့ပြီး Home ကိုနှိပ်လိုက်ရင် Reboot ကျသွားပြီးပြန်တက်လာပါမယ်.. CWM Install အဆင့် ပြီးပါပြီ..
--
1. အောက်ကလင့်မှာ Android 4.2.2 ကို ဒေါင်းပါ.. ( ဖိုင်ဆိုဒ်အခက်အခဲကြောင့် လင့်သေသွားရင် ပြန်တင်ဖို့ မလွယ်ပါ. )
2. ပြီးရင် ဒေါင်းလို့ရတာတဲ့ ဖိုင်ကို မဖြည်ဘဲ SD Card ထဲထည့်ပြီး ဖုန်းထဲကို ထည့်ပါ..
3. ဖုန်းကိုပါဝါပိတ်ပါ.. ပြီးရင် Volume Up + Home + Power ကိုနှိပ်ပြီး Recovery Mode ကိုဝင်ပါ.. ပြီးရင် Volume Up/Dwn ။ Home ကိုသုံးပြီး “wipe data factory reset”, “wipe cache partition” and “wipe dalvik cache” လုပ်လိုက်ပါ.. တစ်ဆင့်ချင်း မပြောတော့ဘူးနှော်..
4. ပြီးရင် နောက်ဆုံးအဆင့် Install Zip From SD Card ကိုရောက်အောင်ရွှေ့ပြီး Home ကိုနှိပ်ပါ.. SD ထဲမှာ ခုနက ဒေါင်းပြီးထည့်ထားတဲ့ Android 4.2.2.zip ကို ရွေးပြီး Home ကိုနှိပ်ပါ.. ဒါဆို 4.2.2 ကို တင်နေပါပြီ..

5. ပြီးသွားရင် +++go back+++ ကိုရွှေ့. Home ကိုနှိပ်. reboot system now ကိုရွှေ့ပြီး Home ကိုနှိပ်. ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Android 4.2.2 လေးနဲ့ OK နေပါပြီ..

ဒီနည်းနဲ့ Android 4.3 ကို စမ်းသပ်ရဲမယ်ဆိုရင် စမ်းသပ်နိုင်ပါတယ်.. Firmware Link မှာ 4.3 ပါ တင်ပေးထားပါတယ်.. ကျွန်တော် မစမ်းရဲလို့ မစမ်းရသေးပါ..



အဆင်ပြေပါစေ..

Maung Pauk 

Huawei U8818 နဲ့ 8815 ကို 4.2.1 နဲ့ တင်ပြီး လန်းကြရအောင်.


ဒါကို မတင်ခင်. Custom ROM ကိုလက်ခံနိုင်၊ လက်မခံနိုင် အရင်စဉ်းစားပါ.. လက်ခံနိုင်မှ လုပ်ပါလို့ ကြိုတင် သတိလေး ပေးထားပါရစေ.. လက်ခံနိုင်တယ်ဆိုရင် လုပ်နည်းလေး ပြောပါမယ်.. ဒီကောင်က G 300 8815 အတွက်တင်ထားတာဖြစ်ပြီး 8818 နဲ့လည်း အဆင်ပြေလို့ တင်ပေးလိုက်ပါတယ်..

1. ပထမဆုံး. ဖုန်းအတွက် Driver တင်ထားပါ.. Hisuite ရှိတဲ့သူဆိုရင် Huawei အတွက် အဆင်ပြေပါတယ်..
2.  ပြီးရင် ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ထားပေးရပါမယ်..
3. ဖုန်းမှာ Android 4.0 နှင့်အထက်ဖြစ်ရင် CWM သွင်းရပါမယ်.. အောက်ကလင့်မှာဒေါင်းပါ..
4. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Down + Power ကိုနှိပ်ပြီး Fast Boot Mode ကိုဝင်ပါ.. ခုLogo မှာရပ်နေတာ. Fast Boot Mode ပေါ့ဗျာ..). ဒီအဆင့်မှာ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..
5. ဒေါင်းထားတဲ့ဖိုင်ကို ဖြည်လိုက်ပြီး RunMe1.bat ကို ညာကလစ်ထောက်ပြီး Run as administrator နဲ့ Run လိုက်ပါ.. RunMe1 နဲ့ အဆင်မပြေရင် RunMe2.bat ကို Run ပါ.. သူ့လိုလို အလုပ်လုပ်ပြီး CWM သွင်းသွားပါမယ်...
3. Firmware ဒေါင်းပါမယ်.. အောက်ကလင့်မှာ ဒေါင်းပါ.. 156.4 MB ရှိတဲ့အတွက် လင်သေရင်တော့ ပြန်တင်ပေးဖို့ အဆင်မပြေပါ..
4. ရလာတဲ့ Zip File ကို မဖြည်ဘဲ SD Card ထဲကိုထည့်ပါ.. ပြီးရင် ဖုန်းထဲကို SD Card ထည့်ပြီး ပါဝါပိတ်ပါ..
5. ဖုန်းရဲ့ Volume Up နဲ့ Power ကိုတွဲနှိပ်ထားပါ.. Custom Recovery Mode တင်လာပါမယ်.. အဲဒီထဲက Install From SD Card ဆိုတဲ့စာပေါ်ကို ရောက်အောင် Vol Up/Dwn ခလုတ်တွေသုံးပြီး ရွှေ့ပါ.. ရောက်ရင် Power ကို တစ်ချက်နှိပ်လိုက်ပါ..
6. SD Card ထဲမှာရှိတဲ့ ဖိုင်တွေကို မြင်ရပါမယ်.. ခုနက ဒေါင်းပြီးထည့်ထားတဲ့ Firmware .zip ဆိုတဲ့ဖိုင်စာတမ်းဆီကိုရွှေ့လိုက်ပါအုံး.. ပြီးရင် Power ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါဆိုရင်တော့ Firmware တင်နေပါပြီခင်ဗျာ..
7. ပြီးသွားချိန်မှာ Reboot System Now ကိုရောက်နေပါမယ်.. Reboot မချသေးပါဘူး.. အောက်ကစာကြောင်းတွေထဲမှာ Wipe Cache/Wipe Factory Reset ကိုရွှေ့ပြီး Power ခလုတ်နှိပ်ကာ Wipe လုပ်ပေးလိုက်ပါ..
8. ပြီးသွားရင်တော့ Reboot System Now ဆီကို ရွှေ့ပြီး Power  တစ်ချက်နှိပ်ပေးလိုက်ပါ.. ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Android 4.2.1 လေးနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပါပြီ...
ref: Maung Pauk

Sunday, 8 September 2013

"Huawei G610-U00 အတွက် CWM Recovery(English) နှင့် Stock Recovery သွင်းနည်း"

Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။

recovery.img ကို...apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့...ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်ထားတာပါ။


အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတဲ့အကြောင်းကတော့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ...firmware ကို dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+power
ကိုနှိပ်လိုက်တဲ့အခါမှာ.....cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်...stock recovery ကို...ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။

အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို...ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။ G610 ရဲ့အခြား build number တွေမှာ...ရမရကိုတော့...ပျက်မှာမပူဘူးဆိုရင်...စမ်းကြည့်နိုင်ပါတယ်..။

ထုံးစံအတိုင်း..ဒီpost ကို...အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး...လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့....တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။


ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့ 
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။


G610-U00 CWM Recovery
Mobileuncle tool.apk

ဒေါင်းပြီးသွားရင်...recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို သွင်းလိုက်ပါ။
Mobileuncle Tools ကို..သုံးပြီး...fig 01 ကနေ 04 အထိပြထားတဲ့အတိုင်း လုပ်လိုက်ပါ။

fig 01=>

fig 02=>
fig 03=>
fig 04=>

 နောက်ဆုံးအဆင့် fig -04 မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်...reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုရင် cwm တင်လို့ပြီးပါပြီ။
cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့...အောက်မှာ
ပေးထားတဲ့ stock recoveryကိုဒေါင်းပြီးအပေါ်က...အဆင့်တွေအတိုင်းပြန်သွင်းလိုက်ပါ။


အားလုံးအဆင်ပြေကြပါစေ
ငလူ
ref: http://amarasuper.blogspot.com/2013/09/huawei-g610-u00-cwm-recoveryenglish.html

Sunday, 4 August 2013

Galaxy S4 I9505 LTE မြန်မာစာအမှန်သွင်းနည်း

ကျွန်တော်လဲကလိရင်းနဲ့အဆင်ပြေသွားတာပါ … ဒါကြောင့်ပြန်ရှဲပေးလိုက်ပါတယ် ကိုယ်တိုင်စမ်းပီးသားမို့ရှော့မရှိပါဘူး … အာမခံပါတယ် Root နည်းတော့ CF auto root နဲ့လုပ်တာပါ … root နည်းကိုတော့အကိုတစ်ယောက်တင်ပေးထားတာပါ ကျွန်တော်နာမည်မမှတ်မိတော့လို့ … sryပါ Credit တော့ပေးပါတယ်ဗျာ …
Screenshot_2013-08-03-15-12-22
Screenshot_2013-08-03-15-12-37
လိုတာလေးတွေဒေါင်းပါဗျာ …
Root နည်းကတော့ odin နဲ့ထုံးစံအတိုင်းလုပ်ရမှာပါ … အားလုံးသိပီးသားထင်ပါတယ် …
I9505 LTE CF-ROOT
CWM လိုချင်သေးတယ်ဆိုရင်တော့
Download CWM For I9505 LTE
ကဲအားလုံးပီးရင်တော့ Root Explorer 3.1 လေးနဲ့ Sanpya.ttf & Droidsanfallback.ttf လေးထည့်ပေးလိုက်ရုံနဲ့ကျွန်တော့်လိုမြန်မာစာညီလာမှာပါ
Root Explorer
Sanpya Font
DroidsanFallback Font
ကဲလိုတာအားလုံး down ပီးပီဆိုရင်တော့ sanpya & Droidsanfallback ကို Phone Stoage ထဲကိုထည့်ပါ … ပြီးရင်တော့ Root Explorer နဲ့ Stoage ထဲထည့်ထားတဲ့ sanpya ကိုcopy ယူပီး system/fonts ထဲကို paste လုပ်ပါပြီးတော့ power off.. ပြန်ဖွင့်..ပြန်တတ်လာရင် droidsanfallback ကိုလဲ sanpya နည်းအတိုင်းထည့်ပါ … power off လိုက်ပါအုံး … ခဏကြာပြန်ဖွင့်ပီး web ဆိုဒ်တတ်ကြည့်လိုက်ပါ … အပေါ်မှာကျွန်တော်ပြထားတဲ့အတိုင်းမြန်မာစာညီတာကိုတွေ့ရမှာပါ … အားလုံးကိုကျေးဇူးပါ ..
http://www.myanmarmobilesoftwaredeveloper.com/?p=8111

Friday, 5 July 2013

Root and Install CWM on Galaxy Mega 5.8 GT-I9152, Mega 6.3 GT-I9205 and GT-I9200


မင်္ဂလာပါခင်ဗျာ ခုနောက်ပိုင်းထွက်ရှိလာတဲ့ Galaxy Mega ကို အမြစ်မနုတ်ခင် လိုမဲ့ Data လေးတွေကို အရင်ဆုံး ဒေါင်းထားကြပါခင်ဗျာ အားလုံးစုံမှ ရှေ့ဆက်ကြပါမယ်...:P

Odin
>> Download <<
GT-I9152-recovery
GT-I9205-recovery
Update-SuperSU
လိုအပ်တာလေးတွေ ဒေါင်းပြီးသွားပြီဆိုရင်တော့ ဖုန်းကို အားပြည့်အောင်သွင်းထားပါ။ အားပြည့်သွားရင် unknown source နဲ့ Debug ကိုOn ပြီး ဖုန်းကိုပါဝါပိတ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ ဘက်ထရီခဏထုတ်လိုက်ပါ ပြီးရင် ပြန်တပ်ပါ။
Downloading Mode ကိုသွားရန်အတွက် Vol down + Home + Power ကိုနှိပ်ပါ တတ်လာပြီဆိုရင်တော့ vol up တစ်ချက်နှိပ်လိုက်ပါ။
ပြီးရင်တော့ Odin ကိုဖွင့်ပြီး pda နေရာမှာ အမှတ်ကလေးပေးပြီး မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery.tar လေးကိုထည့်ပေးလိုက်ပါ။ သတိထားရမှာက auto reboot နဲ့ F.reset Time ကိုပဲအမှတ်ခြစ်ပါ re-partition ကို အမှတ်မခြစ်ပါနဲ့ အောက်က ပုံလေးအတိုင်းပါ driver သိတယ်ဆိုင် ID-Com မှာ အရောင်လေးပြနေမှာဖြစ်ပါတယ် မပြရင် မသိလို့ပါ driver install ပြန်လုပ်ပါ ခင်ဗျာ။ အားလုံးပြည့်စုံတယ်ဆိုရင်တော့ Odin ရဲ့ start ဆိုတာလေးကို နှိပ်လိုက်ပါ။
 Odin မှာ pass messange ကလေးမြင်ရရင် ဖုန်းကို ကြိုးမဖြုတ်ပါနဲ့အုံး boot တတ်တဲ့အထိစောင့်ပါခင်ဗျာ ဖုန်းက ပုံမှန်တတ်လာမှ ဖြုတ်ပါ။
Root လုပ်ရန်အတွက် နောက်တဆင့် ဆက်လုပ်ပါ့မယ် ဒေါင်းပြီးရလာသောဖိုင်ထဲက UPDATE-SuperSU-v1.34.zip ဖိုင်လေးကို phone ထဲကိုထည့်လိုက်ပါ။ ပြီးရင် ပါဝါပိတ်လိုက်ပါ။ recovery mode ကို သွားရန်အတွက်ကတော့ vol up+ Home + power 5 စက္ကန့်လောက်နှိပ်ထားပါ recovery mode တတ်လာပါလိမ့်မယ် ပြီးသွားရင်တော့ volume down နဲ့အောက်ဆင်းပြီး install zip from sdcard> choose zip from sdcard ကနေ ဖုန်းထဲထည့်ထားတဲ့ update-superSU ဆိုတာလေးကိုရွေးပြီး yes ကိုနှိပ်လိုက်ပါ ပြီးသွားရင်တော့ go back to main menu and select “reboot system now” ဆိုတာလေးကိုရွေးပြီး နှိပ်ပေးလိုက်ပါ။
စမ်းသပ်ပြီး ပြုလုပ်ကြည့်ချင်တဲ့သူငယ်ချင်းများအတွက် တင်ပေးလိုက်တာဖြစ်ပါတယ် အဆင်မပြေတာများရှိရင်လည်း ပြန်လည်ပြီး comment လေးမှ အကြောင်းပြန်ပေးပါခင်ဗျာ စမ်းစရာဖုန်းမရှိလို့ ဒီအတိုင်းတွေ့တာလေးတင်ပေးလိုက်ရလို့ နားလည်ပေးပါခင်ဗျာ။ အားလုံးပဲပျော်ရွှင်ကြပါစေ...
http://kokowynnpyay.blogspot.com/2013/07/root-and-install-cwm-on-galaxy-mega-58.html

Saturday, 20 April 2013

All In One Samsung Recovery v1.0


Sasmung တွေ အတွက် Custom Recovery သွင်းနိုင်မဲ့ Tool လေးဖြစ်ပါတယ်...

Software ကို ဒီမှာဒေါင်းလိုက်ပါ။

http://www.mediafire.com/?id6ik6oj0ylxolk

Program ကိုဖွင့်လိုက်ပါ။
စောင့်ချင်သူတွေစောင့်ပါ.မစောင့်ချင်သူတွေ Click တစ်ချက်နှိပ်လိုက်ပါ။





ပြီးသွားရင်တော့ မိမိ ကြိုက်နှစ်သက်ရာ ဖုန်းကိုရွေးလိုက်ပါ။


ရွေးချယ်လိုက်တာနဲ့ သက်ဆိုင်ရာ Odin ဖွင့်လာပါလိမ့်မယ်..

PDA ကို နှိပ်လိုက်ပါ။

Desktop ပေါ်မှာ MMSD Samsung Recovery ဆိုတဲ့ Folder လေးတွေ့ပါလိမ့်မယ်..
ဝင်လိုက်ပါ။ အထဲကို ဖိုင်ကိုရွေးပေးလိုက်ပါ။
ပြီးသွားရင်တော့ ဖုန်းဖြစ်ဖြစ် Tab ဖြစ်ဖြစ် Download Mode ၀င်ပြီး Start ကိုနှိပ်လိုက်ပါ။

Recovery သွင်းတဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။

ကဲအားလုံးအဆင်ပြေပါစေ။

Root လုပ်ချင်တာပဲဖြစ်ဖြစ် MM Font သွင်းချင်တာပဲဖြစ်ဖြစ်

Flashable Zip ဆိုတဲ့ Button လေးကိုနှိပ်ပြီးရယူလိုက်ပါ။





Desktop ပေါ်မှာ Zip ဖိုင်လေးတွေတွေ့ပါအုံးမယ်....

User Guide PDF ကို လဲ ကြည့်လို့ရပါတယ်..

Join Us ကို နှိပ်ပြီး MMSD Facebook Group ကိုလာရောက် Join လို့ရပါတယ်..

ကြိုးစားပါအုံးမယ်.....


ဖြိုးချမ်း
ref : MMSD

Tuesday, 16 April 2013

Installing MMFont To Xperia TX Wihout Root/CWM

 
အရင်ဆုံး ကိုယ့် Xperia TX က build number 9.1.B.0.411 မှာရှိဖို့လိုပါမယ်...
ထို build number မဟုတ်ပါက ဒီ firmware ကိုဒေါင်းပြီး တင်လိုက်ပါ...
https://docs.google.com/file/d/0Bx12JwWWZsWHSEJ1RGE0NjZ4STA/edit

ဒါဆို မြန်မာစာ ထည့်တဲ့ အပိုင်းကိုဆက်သွားကြတာပေါ့...
MMFont_With_Restore_v2 ကိုဒီကဒေါင်းလိုက်ပါ...
http://www.mediafire.com/?pbqnup47p4prhpn
MMFont_With_Restore_v2 ကိုဖြည်ချလိုက်ပါ..

ထုံးစံအတိုင်း ဖုန်းကို usb debugging on ပြီး ကွန်ပျူတာနဲ့ချိတ်...
ပြီးရင် MMFont_With_Restore_v2 ထဲမှ runme.exe ကို run...
2 ရိုက်ပြီး enter ခေါက်..
ဖုန်းပေါ်မှာ restore ကိုနှိပ်ပီး restore ended ဆိုတဲ့စာသားပေါ်တဲ့ထိစောင့် ပီးရင် ကွန်ပျူတာမှာ enter ခေါက်ပါ...
ထို့နောက် ဖုန်းပေါ်တွင် service menu ပေါ်လာပါမည်..
service test ထဲဝင်.. display ကိုဆက်နှိပ်ပြီး ခနစောင့်ပါ..
auto restart ကျပြီး ပြန်တက်လာသည်နှင့်အမျှ မြန်မာ font နှင့် frozen keyboard သွင်းပီးသား လေးဖြင့် လန်းနိုင်ပါမည်....
ref: http://www.myanmarmobileforum.com

Sunday, 7 April 2013

Y300C & Y300 အမှန်အကန် Recovery

Y300C & Y300 အတွက်အအမှန်အကန် တရုတ် CWM လေးပါ။သုံးကြည့်ပါ။
အားလုံးအဆင်ပြေပါတယ်။
recovery သွင်းဖို့အတွက် bootloader unlock လုပ်ဖို့လိုပါလိမ့်မယ်။
Bootloader & Recovery Button ကိုနှိပ်ရုံပါပဲ

ref: http://www.myanmarmobileforum.com

G520-5000 English Custom recovery



Download Link 
ref: http://www.myanmarmobileforum.com