Wednesday, 1 May 2013

Flash Tool ကနေ Application တွေတပြိုင်တည်းသွင်းမယ်


Sony Xperia ကိုင်သူများအနေနဲ့ Flash Tool ဆိုတာ အလွန်အင်မတန်မှ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်
ဖုန်းစမ်းသပ်ကလိသူများအနေနဲ့ မရှိမဖြစ် Tool လေးဆိုတာလဲသိပြီးသားဖြစ်မှာပါ
အခု ကျတော်ပြောပြချင်တာက Flash Tool လေးကို သုံးပြီး မိမိတို့ရဲ့ Device ထဲကို Application တွေကိုတပြိုင်တည်း Installing လုပ်တာလေးပါ
အကယ်၍ ဖုန်းမှာပဲ Back Up & Restore လုပ်မယ်ဆိုရင် တခုချင်းစီ Install လုပ်ပေးနေရဦးမှာပါ
ဒီနည်းလေးကတော့ သူ့ဟာသူ Auto Installing လုပ်ပေးသွားမှာပါ
မသိသေးသူများအတွက်သာ ရည်ညွှန်းပါတယ်ခင်ဗျာ……….. (ဒီလောက်ကတော့ကလေးကအစ သိတယ်ဆိုတဲ့ Comment ကိုဒုတိယံပိ မမြင်ချင်လို့ပါ ခိခိ ) :D
ကဲဗျာ…စရအောင်နော်
အဆင့်(၁)   မိမိရဲ့ဖုန်းကို Unknown Sources and USB Debugging ၂ ခုစလုံး ON ထားပေးပါ
အဆင့်(၂)   Flash Tool ကိုဖွင့်လိုက်ပါ… Flash Tool မရှိသေးပါက — >  ဒီမှာဒေါင်းယူပါ
အဆင့်(၃)  Flash Tool  Folder ထဲဝင်လိုက်ပါ ပြီးရင် Custom– > Apps ထဲဝင်ပြီး မိမိသွင်းထည့်လိုသည့် application တွေကို သွင်းထည့်ထားလိုက်ပါ။

အဆင့်(၄) Device ကို မိမိရဲ့ Computer or Laptop နဲ့ချိတ်ဆက်လိုက်ပါ
အဆင့်(၅) Flash Tool ကို RUN လိုက်ပါ
ဒီပုံလေးကအတိုင်း Apk Installer ဆိုတာလေးကို နှိပ်ပေးလိုက်ပါ
2
ပြီးရင်တော့ ဒီပုံလေးအတိုင်းမြင်ရပါမယ်
3
Ok ပေးလိုက်ပြီဆိုရင်တော့ သူ့ဟာသူ Install သွားပါလိမ့်မယ်
ဒီပုံလေးအတိုင်း Apk Installationg Finished ဆိုပြီးပေါ်လာရင်တော့ မိမိသွင်းလိုက်သည့် application တွေအား ဖုန်းထဲတွင် Install ပြီးသားဖြစ်သွားပါပြီ
4
အားလုံးပဲအဆင်ပြေကြပါစေ
နောင်နောင်(Innocent Love)
MMAS

No comments:

Post a Comment