i-Device တွေခေတ်စားလာတဲ့အချိန်မှာ iPhone အဟောင်းတွေကို ပြန်ရောင်းကြတာတွေ ရှိပါတယ်။ တစ်ချို့ ကြတော့ မကိုင်ချင်လို့ ပြန်ရောင်းကြတာ ရှိသလို တစ်ချို့ ကြတော့ အသစ် ထက်ပြီးထွက်လာလို့ လဲချင်ပြီး ပြန်ရောင်းတာတွေ ရှိကြပါတယ်။ အဲ့ဒီလိုရောင်းကြတဲ့ အထဲမှာတောင် SIM ကို Officially Unlock နဲ့ JailBreak ဆိုတာရှိပြီး Jail Break ဆိုရင် ပိုဈေးနည်းပါတယ်။ SIM Officially Unlock က ဈေးပို ကြီးပေမယ့်တစ်ချို့ ကြတော့ Official Unlock ကို ဝယ်ယူတတ်ကြပါတယ်။ ဒါပေမယ့် သူများတွေက Jail Break လုပ်ထားတဲ့ ဖုန်းတွေကို Official Unlock ဆိုပြီးရောင်း၇င် အခုမှ ဖုန်းစဝယ်တဲ့သူတွေအတွက် အဆင်မပြေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်တတ်တဲ့သူတွေအတွက် ဖုန်းကို ဘယ်ကနေဝယ်တယ်၊ ဘယ်နိုင်ငံက လာတယ်၊ အရောင်က ဘာအရောင်၊ Memory GB ကဘယ်လောက်ပါတယ်၊ SIM Unlock လား Lock လားဆိုတာက အစ ဖော်ပြပေးပါတယ်။ ဘယ်လိုကြည့်ရမလည်းဆိုရင် အရင်ဆုံး iPhone Setting ထဲကို ဝင်ပါ။ ပြီးရင် General ထဲက About ထဲကို ထက်ဝင်ပါ။ ပြီးရင် About ထဲက Model ဆိုတဲ့ဘေးနားက ကုတ်လေးကို ကူးပါ။ ဥပမာ MC607LL ဆိုတာကို ရိုက်လိုက်ရင် iPhone 4, Black 16 GB ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်။ iPhone မှမဟုတ်ပါဘူး။ iPad ကိုလည်း ဘယ်နိုင်ငံကထုတ်တယ်။ Storage ဘယ်လောက်ရှိတယ်ဆိုတာကိုပါ ကြည့်လို့ရပါတယ်။ တကယ်လို့ စမ်းသပ်ချင်တယ်ဆိုရင်တော့ မှာဝင်ရောက် စမ်းကြည့်လို့ ရမှာပါ။
ဒီမှာကြည့်ပါ
ref:http://koye9992.blogspot.com
ဒီမှာကြည့်ပါ
ref:http://koye9992.blogspot.com
No comments:
Post a Comment