iOS & Android စနစ် ဖုန်း/Tablet များ၏ system ပိုင်းဆိုင်ရာများကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်လိုသူများ ၊
ဖုန်းဆော့ဝဲဆားဗစ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူများ နှင့် မိုဘိုင်းဖုန်း Application များ ကိုယ်တိုင်ရေးသားလိုသူများအတွက်
အတွက် Myanmar Mobile App Store (www.myanmarmobileapp.com) မှ ဈေးနှုန်းသက်သာစွာဖြင့်သင်ကြားနိုင်မည့် မိုဘိုင်းဖုန်းဆော့ဝဲဆားဗစ် နှင့် Mobile Application Development Training Course တစ်ခုကို မန္တလေးမြို့မှာ ၂၀၁၃ နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ Training Course ကာလအနေနဲ့ တစ်လခွဲခန့်ကြာမြင့်မှာဖြစ်ပါတယ်။
ယခုခေတ်သည် မိုဘိုင်းခေတ်ဖြစ်သောကြောင့် မိုဘိုင်းဖုန်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများကို မည်သူမဆိုကိုယ်တိုင်ကျွမ်းကျင်တတ်မြောက်ထားသင့်ပါသည်။ အပျက်အများဆုံးဖြစ်သော System ပိုင်းဆိုင်ရာများကိုပြုပြင်ခြင်း နှင့် အခြား မိုဘိုင်းဖုန်းဆော့ဝဲဆားဗစ်ပိုင်းဆိုင်ရာပြုပြင်ခြင်းများကိုအခြေခံကနေစပြီးကျွမ်းကျင်ပိုင်နိုင်စွာပြုပြင်နိုင်သည်အထိ
Training Course တစ်ခုအဖြစ်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဆိုင်ရာအခြေခံ ၊ မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းအခြေခံမှစ၍ အသေးစိတ် Specialized သင်ကြားပေးသွားမည်ဖြစ်သောကြောင့် အခုမှစ၍ ဖုန်းအကြောင်းစလေ့လာသူများသာမက ယခုမှဆားဗစ်စလုပ်ကိုင်သောမိုဘိုင်းဆားဗစ်သမားများပါ မွမ်းမံသင်တန်းအနေနဲ့တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။
ယခုဖွင့်လှစ်မည့် Training Course တွင် မိုဘိုင်းဖုန်းဆိုင်ရာအခြေခံသိမှတ်ဖွယ်ရာများ ၊ မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းပြုပြင်ခြင်းအသေးစိတ် ၊ Hardware Additional Course နှင့် ဖုန်းဆော့ဝဲရေးသားဖန်တီးခြင်း Course များကို မိုဘိုင်းဆားဗစ်အတွေ့အကြုံများစွာရှိသောပညာရှင်များမှ သင်ကြားပေးမည်ဖြစ်ပါသည်။
Mobile Service Training Course အနေဖြင့် Android ဖုန်းများတွင်ဖြစ်တတ်သော Error အမျိုးမျိုး ကိုဖြေရှင်းနည်းများ ၊ Android OS System များ ၊ function တစ်ခုချင်းအကြောင်းကို အသေးစိတ်သင်ကြားပေးခြင်း ၊ Android ဖုန်း/Tablet များအား Root လုပ်ခြင်း ၊ Bootloop/SoftBrick / HardBrick Error များကိုဖြေရှင်းခြင်း ၊ ဖုန်းတွင်း System များကိုစိတ်ကြိုက်ပြင်ဆင်ခြင်းများ ၊ Android ADB/Fastboot command များအသုံးပြုပုံ ၊ Android official Firmware /Custom Firmware တင်နည်းအမျိုးမျိုး ၊ Android ROMRecovery ဖန်တီးခြင်းနည်းလမ်းများ ၊ Android System Flash နည်းအမျိုးမျိုးFlash Tool များအသုံးပြုခြင်းနည်းလမ်းများ ၊ ဖုန်း Network Lock ဖြည်ခြင်း ၊ Android Kernel/IMEI/Recovery နှင့်ပတ်သက်၍အသေးစိတ်သင်ကြားပေးခြင်း ၊ Android OS hacking နည်းလမ်းများ ၊ ဖုန်းတွင်ဖြစ်ပေါ်လာသော System ပိုင်းဆိုင်ရာ error များကိုမည်သို့မည်ပုံဖြေရှင်းရမည် စသည့် မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းပြုပြင်နည်းများ ၊ မြန်မာပြည်တွင် အသုံးများသော MTK အမျိုးအစား တရုတ်ဖုန်း ၊ clone ဖုန်းများကိုပြုပြင်ခြင်းအသေးစိတ်သင်ကြားပေးခြင်း ၊ Hardware Additional Course အနေဖြင့် ဖုန်း Hardware ပိုင်းဆိုင်ရာပြုပြင်ခြင်းသဘောတရားများ ၊ Deadboot ဖြစ်နေသော Android Device များကို Tool Box အမျိုးမျိုးအသုံးပြု၍ Boot ပြန်နှိုးခြင်း ၊ Toolbox များသုံး၍ OS ပြန်တင်ခြင်းများနှင့် Toolbox များကိုကျွမ်းကျင်စွာအသုံးပြုတတ်စေရန်သင်ကြားပေးမည်ဖြစ်ပြီး ၊ အခြား Android System Maintenance Technique တွေကိုအသေးစိတ်သင်ကြားပေးမည်ဖြစ်သည်။
iOS Devices (iPhone/iPad/iPod touch) များတွင်ဖြစ်တတ်သော Error များကိုဖြေရှင်းနည်းများ ၊ iOS တွင်ပါဝင်သော System များ ၊ function တစ်ခုချင်းအကြောင်းကို အသေးစိတ်သင်ကြားပေးခြင်း ၊ iPhone/Pad/Pod touch များအား OS version အလိုက် Jailbreak လုပ်ခြင်းအမျိုးမျိုး ၊ Firmware Upgrade / Downgrade ပြုလုပ်နည်းများ ၊ iTunes Error များအကြောင်း အသေးစိတ်သင်ကြားပေးခြင်း ၊ Cydia Tweaks/Repo များဖန်တီးခြင်း ၊ iOS Tools များကိုအသုံးပြုခြင်း ၊ iOS hacking Technique များနှင့် အခြား iOS System Maintenance Technique များကိုအသေးစိတ် သင်ကြားပေးသွားမည်ဖြစ်သည်။
ဖုန်း/Tablet နှင့်ပတ်သက်သော ဖြစ်ပေါ်တတ်သည့် Error များကို ကိုယ်တိုင်နားလည်ပြီး စဉ်းစားတွေးခေါ်ဖြေရှင်းတတ်စေရန် အဓိကသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းမှပြီးဆုံးသွားသည်နှင့် မိုဘိုင်းဖုန်းဆားဗစ်ပြုပြင်ခြင်းဆိုင်ရာပညာရပ်များကို သေချာစွာတတ်မြောက်နိုင်မည်ဖြစ်ပြီး အခြေခံကောင်းများစွာရရှိသွားစေမည်ဖြစ်ပါသည်။
သင်ကြားပေးမည့် Course Titleအသေးစိတ်ကို အောက်မှာဆက်လက်လေ့လာနိုင်ပါသည်။
Mobile Application Development Course တွင် လူသုံးအများဆုံးဖုန်း OS ဖြစ်သော Android ဖုန်း/Tablet များအတွက် ဖုန်းဆော့ဝဲများကိုယ်တိုင်ရေးသားလိုသူတွေအတွက်လည်း Android Mobile Application Development Course တစ်ခုကို
ထည့်သွင်းသင်ကြားပေးမည်ဖြစ်ပါသည်။
စာတွေ့လက်တွေ့သင်ကြားထားခြင်းကို ပို၍ မှတ်မိကျွမ်းကျင်စေရန် ငါးရက်တစ်ကြိမ် အပတ်စဉ် Review ပုံစံ ဖြင့်လည်း ပြန်လည်စစ်ဆေးပေးသွားမည်ဖြစ်သည်။ ဒါ့အပြင်ကိုယ်ပိုင်ဖုန်းဆားဗစ်ဆိုင်ဖွင့်တဲ့အခါ အသုံးပြုနိုင်ဖို့ နေ့စဉ် အသစ်ထွက်ရှိနေတဲ့ ဆော့ဝဲများ ၊ ဂိမ်းများ ၊ Phone Firmware များ ဆားဗစ် Tool များနဲ့ ဖုန်းဆော့ဝဲဆားဗစ်နှင့်ပတ်သက်တဲ့ Tool မှန်သမျှ ကိုလည်း TrainingCamp ပြုလုပ်နေစဉ်အတွင်းမှာနေ့စဉ်ပံ့ပိုးကူညီမှုပြုလုပ်ပေးသွားပါမည်။
သင်တန်းကြေး Course Fees အနေနဲ့ မိုဘိုင်းနည်းပညာကိုစိတ်ပါဝင်စားသူတိုင်း ၊ မိုဘိုင်းဖုန်းဆော့ဝဲများကိုရေးသားလိုသူများ နဲ့ ဖုန်းဆော့ဝဲဆားဗစ်ပညာကိုသင်ချင်ပေမယ့် ပြင်ပသင်တန်းတွေမှာ့ ဆော့ဝဲဆားဗစ် course တင် သင်တန်းကြေးသုံးလေးသိန်းခန့်ဖြစ်နေတဲ့အတွက် ဈေးနှုန်းကြီးမြှင့်လို့ မတက်ရောက်နိုင်သူများအနေနဲ့လည်း တက်ရောက်သင်ကြားနိုင်ရန်ရည်ရွယ်တဲ့အတွက် အပြင်ဖုန်းဆော့ဝဲဆားဗစ်သင်တန်းတွေထက် များစွာသက်သာသောနှုန်းထားဖြင့်သာ သင်ကြားပေးသွားမှာဖြစ်ပြီး မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းနှင့်ပတ်သက်၍အမှန်တကယ်ကျွမ်းကျင်တတ်မြောက်စေရန် သင်ကြားပေးမည်ဖြစ်သည်။
Training Course အသစ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မှာဖြစ်ပြီး Section တစ်ခုလျှင် လူအရေအတွက် ဆယ်ယောက်သာ သင်ကြားပေးမှာဖြစ်လို့Myanmar Mobile Application Store ရဲ့ Mobile Software Service Training Course သို့တက်ရောက်သင်ကြားလိုသူများ အနေဖြင့် သင်တန်းနေရာသို့အမြန်ဆုံး လာရောက်သင်တန်းအပ်နှံထားရန်လိုပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့အထိသာသင်တန်းလက်ခံမည်ဖြစ်ပါသည်။ Course နှင့်ပတ်သက်ပြီးအသေးစိတ်သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ် ၀၉ ၉၁၀၃၃၁၃၄ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စာရင်းပေးသွင်းရန် နှင့် သင်ကြားမည့် နေရာ – ၈၁လမ်း ၄၅ ၄၆ ကြား
မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ် ဘေး ဘောလုံးကွင်း နှင့်မျက်နှာချင်းဆိုင်
အမှတ် ၇၇၉
eonLogix Software Development
Course Title – Mobile Software Service Training Course + Mobile Application Development
သင်ကြားမည့် Course Subject များထဲမှအချို့
- Understanding Android OS
Understanding Detail Android System Config
Using PC Suite , Sychronization Tools
Myanmar font installation method (Root/UnRoot)
Comprehensive Guide to ADB Commands, Fastboot Commands
Soft-brick Error Repairing
Bootloader Lock/Unlock , S-on/S-off
Network Unlock
Understanding Android Kernel
Android System Flashing Methods( SD / USB Command Flashing / Various Flashtool Method and more….etc…..)
Official Firmware Upgrade / Downgrade
Android Hacking tips
System error considering and repairing
Backup/Restore EFS Partition/ IMEI
CID checking
Radio flashing ,APN
Android Device Rooting Methods
Creating Custom Firmware
Android Application (apk) Development Method
Comprehensive Guide to Recovery
Understanding Detail iOS System Config
Using iOS PC Suite , Sychronization Tools
Activation process
Creating Android PC Suite Toolkit
itunes version , firmware download site ,firmware type,website link iTunes account ( american address)
Jailbreaking , Cydia Package, app syncing
iOS Hacking Tips
Restoring / Updating Firmware
Creating Own Cydia Tweaks
Offline installation , arching with online, Syncing Data , photo,music, Media
unlocking about Network Comparing with modern firmware 3gs, 4,4s
Gevery Sim , r sim official payments ,
Custom firmware ( Snowbreeze , Redsnow ) and more…….
အခြား Mobile Service Training Course များစွာပါဝင်ပါသေးသည်။
No comments:
Post a Comment