Friday, 18 October 2013

Virus ကူးစက်ပုံများနှင့်ဆောင်ရန်ရှောင်ရန် အချက်များ။

 Virus ကူးစက်ပုံများနှင့်ဆောင်ရန်ရှောင်ရန် အချက်များကို ရေးသားပေးလိုက်ပါတယ်။


(၁) ကွန်ပြူတာမှာ Antivirus ဆော့ဝဲ အသုံးမပြုခြင်းကြောင့် Virus အလွယ်တကူကူးစက်တိုက်ခိုက်တတ်ပါသည်။

(၂) Windows Update များ ၊ Security Updates များကို မှန်မှန်ရယူမှုမရှိခြင်း။

(၃) မိမိနှင့်သိကျွမ်းရင်းနှီးမှုမရှိတဲ့သူတွေဆီကပို့ လိုက်တဲ့ အီးမေး attachment ကိုဖွင့် ကြည့်ခြင်း။

(၄) Dialog Bo× မှ စာများကိုသေချာစွာဖတ်ခြင်းမရှိဘဲ Ok button ကိုနှိပ်ခြင်း။

(၅) Malware တွေဟာ Pirated Software များမှာ ခိုအောင်းနေတဲ့အတွက် အဲဒီဆော့ဝဲတွေကို သုံးခြင်းဟာ လည်း Virus ကူးစက်တတ်ပါသည်။

(၆) USB Stick များကို Virus စစ်ဆေးခြင်းမရှိဘဲအသုံးပြုခြင်း။

(၇) Gmail နဲ့တစ်ခြား Email Client Program တွေမှာ ပုံတွေကို အလိုအလျောက်ဖော်ပြပေးခြင်းမရှိဘဲ Block လုပ်ထားတတ်ပါတယ်။ ပုံတွေကိုအလို အလိုအလျောက်ဖော်ပြပေးအောင် ပြုလုပ်ခြင်းဖြင့်လည်း Virus ကူးစက်နိုင်ပါသည်။
Myanmar ICT

No comments:

Post a Comment