Monday 30 September 2013

ACDSee Pro 6.2 Build 212 (x86/x64) + keygen

ဓါတ်ပုံတွေကို ကြည့်ရင်နဲ့ အလင်းအမှောင်ချိန်ခြင်းနှင့် အခြား Effect အမျိုးမျိုး စာတန်းထိုးခြင်း အစုံ ပြင်လို့ရတဲ့ photo viewer Software ဖြစ်ပါတယ်
Download x86

Download x64

Auto Power-on & Shut-down 2.80 full patch

ကွန်ပျူတာကို Auto Power-on နဲ့ Shut-down ချိန်ထားလို့ရတဲ့ Software ပါ

Resume from power-off state – Auto Poweron & Shutdown allows you to auto-start up your computer to work at a specified date and time, even if the system was stopped in hibernation. Wake up from sleep mode – Auto Poweron & Shutdown allows you to wake up your computer from sleep mode (s3 standby) at specified time.
Task Schedule – Auto Poweron & Shutdown allows you to open files, play sounds, run programs, close programs, open website, show messages, standby/hibernate, shutdown/reboot, etc. at any specified time.
Auto Poweron & Shutdown is able to allow users to do this all of the following:
Control your computer resume from power-off state (hibernation).
Wake up your computer from sleep mode (standby).
Playback a keyboard and mouse macro, a useful feature for such as TV record.
Run programs, close programs, open files and open URL at any specified time.
Play mp3, wma , wav and flash at any specified time.
Logs on system automatically (Win2000/XP/Vista/7).
Shutdown or reboot , log off, lock session, close monitor, make computer enter sleep mode (standby/hibernation) at any time.
Synchronize your PC’s time with an atomic clock server.
Home Page : http://www.lifsoft.com/

MMC Tool (for computer)

မိမိကွန်ပြူတာကို Ram တိုးမယ်။ ( စက်တအားလေးရင် ပြန်လျှော့ချခြင်း)
Shutdown ချမယ်။ ( ငါးစက္ကန့်အတွင်း)
Game ဆော့မယ်။ ( ၁၂၃၄၅ အစဉ်လိုက်ပြန်စီ)
Virus ( စတစ်ထဲကပါတဲ့ virus သတ်ခြင်း)
System Info (မိမိကွန်ပြူတာတခုလုံးရဲ့ Info တွေကိုအလွယ်တကူတစုတဝေးထဲကြည့်နိုင်ရန်)
Clean မလိုတဲ့ဖိုင် (%temp% ဖိုင်တွေဖျက်ခြင်း)
ဒီဂရုအတွက် နည်းနည်းလေးကမြင်းထားတာ
ဘာမှတော့မဟုတ်ဘူးခင်ဗျာ့...။
35kb ပဲရှိတယ် EXEက သို့သော်လည်း
ကျွန်တော်ကြိုက်တဲ့သီချင်းနဲ့ တင်ပေးလိုက်တယ်။
Kaspersky နဲ့တော့ညိတယ်နေဗျာ...။ 
IE Object ကြောင့်ပါ.။ဒီမှာယူပါ
ref:minsoeyarsar.com

Sunday 29 September 2013

WPA/WPA2 ကို၁၅မိနစ်နဲ့ဟက်မယ်လိုကြေညာထားတဲ့ဆော့ဝဲ

grey CDlinux + minidwep – Best (fastest & easiest) way to crack wireless WPA/2 passwords

အခု Post လေးကိုတော့ MMiTD မှာကတည်းကကျွန်တော့်ရဲ့ သင်ဆရာမြင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာကြီး ကိုအောင်သန်းဦးတင်ပေးထားတဲ့ Post လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ။
ကျနော်တို့မန်ဘာတွေစမ်းဖို့အကြံပေးချင်ပါတယ် CD LINUX MINIDWEP ဆိုတဲ့ OS ပါOS ဖြစ်လို့ WiFi Adapter တွေ Driver မသိတာကိုအင်စတောလုပ်ခွင့်ပြုတာကြောင့်ကွန်ပြုတာအားလုံးနီးပါးနဲ့အဆင်ပြေနိုင် ပါတယ်( CPU နိမ့်တဲ့စက်တွေမှာတော့မရပါ)။ အောက်ပါ Link မှာ အသုံးပြုပုံနဲ့ Software ကိုဒေါင်းယူနိုင် ပါတယ်ဗျာ။
MMITHelper

Huawei Y511 Myanmar Fonts Installer

Y511 မြန်မာစာအမှန်ကန်ဆုံး
ပထမဆုံးသင့်၏ဖုန်းမှာRoot ရှိဖို့လိုပါတယ်အောက်မှာပေးထားတဲ့ 
huawei Y511 myanmar fonts Installer ကိုဒေါင်းပြီး ကလစ်၂ချက်ခေါက်ပြီးEnter နိုပ်လိုက်ပါ.....ဖုန်းက restart ကျပြီးပြန်တက်လာရင် 
frozen keyboard myanmar fonts သွင်းပြီးသားဖြစ်သွားပါလိမ့်မည်
 အားလုံးအောင်မြင်ပါစေ............  
ref:MPX-Team 

    Dropbox 50Gရအောင်ပြုလုပ်နည်း

    Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို သိမ်းဖို့ Online data storage တစ်ခုပါ။ ကိုယ့်ရဲ့ file တစ်ခုကို dropbox ပေါ်မှာတင်ပြီး သူများတွေကို download လုပ်စေချင်တယ်ဆိုရင် direct download link အနေနဲ့လည်းပြန်ပေးလို့ရပါတယ်။ DropBox Storage ဟာ ဝယ်မယ်ဆို ဈေးကြီးပါတယ်.. 100 Gb Storage ကို တစ်နှစ်စာ အမေရိကန်ဒေါ်လာ 100 တောင် ပေးးရပါတယ်.. မြန်မာငွေနဲ့ဆို ၁ သိန်းနီးပါးလေ..
    DropBox ကို www.dropbox.com မှာ အကောင့်ဖောက်ရင်  2Gb ပဲ အလကားရတာပါ.. www.dropbox.com မှာ ဝင်ပြီး Account ဖောက်နိုင်သလို သူ့အတွက် PC Software နဲ့ Android အတွက်လည်းရှိပါတယ်။ Samsung Galaxy SIII မှာ dropbox ကိုအင်စတောလုပ်မယ်ဆိုရင် Storage space 48GB ဖရီးရရှိမှာဖြစ်ပါတယ် ။ အခုပြောမဲ့ဟာလေးကတော့ Samsung Galaxy SIII တွင်ပါဝင်သော dropbox ကို တခြားစက်ရုပ်ဖုန်းတွေမှာ အင်စတောလုပ်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ ဒါလေးအင်စတောလုပ်တာအောင်မြင်သွားရင် 48GB space ကိုရရှိမှာဖြစ်ပါတယ် ။

    ယခုအင်စလောလုပ်ခြင်းဟာ drop box အကောင့်စပေ့ကို ဟက်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့် do as your own risk ဖြစ်ပီး အကောင့်အသစ်ဖောက်ပီး စမ်းကြည့်ပါလို့အကြံပြုချင်ပါတယ် ။ ကျနော်အကောင့်အသစ်တခုလုပ်ပီးစမ်းသပ်တာအောင်မြင်ပါတယ် ။ ဒါကိုinstall လုပ်ဖို့ မိမိဖုန်းဟာ အမြစ်တူး ( Root )ပြီးသားဖြစ်နေရပါမယ် ။
    မိမိဖုန်းမှာ Dropbox application ရှိပြီးသားဆိုရင် dropbox ကို data clear and uninstall လုပ်ပစ်လိုက်ပါ ။

    ပထမဆုံး အောက် မှာပေးထားတဲ့လင့်ကနေ ဖိုင်လေးဖိုင်ကိုဒေါင်းလိုက်ပါ ။ download link များမသေစေရန်နည်းသုံးနည်းနဲ့တင်ပေးထားပါတယ်။ 50Gပြုလုပ်၇န် မိမိနှစ်သက်ရာပုံစံ တမျိုးကိုသာdownloadပြုလုပ်ပါ။ ပုံစံ1အတွက်a,b,c,d,e ငါးခုလုံးdownပါ။
    ပုံစံ2&3အတွက်က တခုပဲဒေါင်းပါ။
    စာသေချာဖတ်၍downloadပြုလုပ်ကြပါ။အဆင်ပြေကြပါစေ။ပျော်ရွှင်ကြပါစေ။

    download ပြုလုပ်ရန်ပုံစံ
    1.
    (a)Download com.dropboxpartner.jar
    Jar ကိုဒေါင်းရန်။

    (b)Download DropboxOOBE.apk
    OBEကိုဒေါင်းရန်။

    (c)Download Dropbox App
     dropbox.apkအားဒေါင်းရန်

    (d)Download Root Explorer
    root explorerအားဒါင်းရန်


      (e)ဒါကပြုလုပ်နည်းpdfလေးပါ။မူရင်းရေးပေးသူပါ။ ကျနော်ကအသစ်ပြန်ပြီးထပ်မျှဝေပေးတာပါ။
     pdf(အသုံးပြုနည်းရေးပေးထားတာလေးပါ)အားရယူရန်။
    ------------------------------------------------------------------------------------------

     download ပြုလုပ်ရန်ပုံစံ 
    2.မူရင်းzip fileလေးနဲ့အားလုံးကိုရယူချင်လျှင်
    မူရင်းဖိုင်ဇစ်ဖိုင်အားရယူရန်
     -----------------------------------------------------------------------------------------
    Download ပြုလုပ်ရန်ပုံစံ 
    3.ဒါက ကျနော်သပ်သပ်zipမဟုတ်ပဲပြန်ပြင်ပြီးတင်ထားတာပါ။
    ဒီမှာ download 
    --------------------------------------------------------------------------------------- 
                    ပထမဆုံး Root Explorer ကို Install လုပ်ပါ.. ပြီးရင် Root Explorer ကို ဖွင့်ပြီး  dropbox.apk နဲ့ dropboxOOBE.apk ဖိုင်ကို system ထဲက app folder ထဲကိုထည့်ပါ ။ 
    ပီးလျှင် ဖိုင်၂ ခုစလုံးကို Permission အား rw-r-r သို့ပြောင်းပေးလိုက်ပါ ။ အဲဒါပြီးရင် com.dropboxpartner.jar ဆိုတဲ့ဖိုင်ကို system အောက်က framework ဖိုဒါထဲကိုထည့်ပါ ။
     ပြီးရင် ဖုန်းကို Restart ချလိုက်ပါ ။ ဖုန်းရီစတက်ပြန်တက်လာရင် dropbox application ကိုဖွင့်လိုက်ပါ ။
     ၁၀ မိနစ်လောက်ကြာရင်တော့ မိမိအကောင့်အီးမေးထဲကို 48GB Storage ရမည်ဖြစ်ကြောင်း Mail ၀င်လာပါလိမ့်မည် ။ 
          Get started မှတောင်းဆိုထားသော အချက် ၅ ချက်ကို ဖြည့်ပီးရင်တော့ 48GB ရရှိပီဖြစ်ကြောင်း    မေးဝင်လာပါလိမ့်မည် ။ အဲဒီ Get Started မှာတော့ ကိုယ့်ဟာကိုယ် ဖတ်ပြီး လုပ်ကြပေါ့.. မခဲယဉ်းပါဘူး.. အားလုံးပဲအဆင်ပြေပါစေ။ 




    Ref : http://mitgfacebook.blogspot.com/ ( Myanmar IT Group)

    Hacker အကြောင်းသိကောင်းစရာ

    ၁။ (က) Hacker ဆိုသည်မှာ

    Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

    အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

    White Hat

    White Hat များသည် ၄င်းတို့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို မသမာသည့်လုပ်ရပ်များတွင် အသုံးချခြင်း မရှိဘဲ Black Hat များ၏ နှောက်ယှက်ခြင်း ခံရသောသူများအား ကာကွယ် စောင့်ရှောက်လေ့ရှိသူများဟုဆိုနိုင်သည်။

    Black Hat

    Black Hat များမှာမူ ၄င်းတို့၏ ကျွမ်းကျင်မှုများကို မသမာသော လုပ်ရပ်များဖြစ်သည့် Credit Card Information များ ၊ Bank Information များခိုးယူခြင်း၊ သူတပါး၏ Website များကို ၀င်ရောက် စီးနင်းသိမ်းပိုက်ခြင်း၊ အခကြေးငွေ ရယူပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ခိုးယူပေးခြင်း စသည့်လုပ်ရပ် များကို လုပ်ဆောင်လေ့ရှိသူများ ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။

    Grey Hat

    Grey Hat များမှာမူ White Hat အဖြစ် သော်လည်းကောင်း၊ Black Hat အဖြစ်သော်လည်းကောင်း ရပ်တည်ခြင်းမရှိဘဲ ၄င်းတို့ တတ်ကျွမ်းထားသည့် နည်းပညာကို အလျဉ်းသင့်သလို အသုံးချသူများ ဟူ၍ ဆိုနိုင်သည်။

    *********************************************************************
    ၁။ (ခ) Hacker အဆင့်အတန်းများ

    Script Kiddies

    Hacker ဖြစ်လိုသော လူငယ်များဖြစ်ပြီး၊ Hacking နှင့် စပ်လျဉ်းသည့် နည်းပညာများကို လေ့လာ သင်ယူခြင်းမရှိဘဲ၊ အခြား Hacker များ ဖန်တီးထားသည့် Tool များကို ရယူအသုံးချလေ့ရှိသူများ ဖြစ်သည်။ Hacking Tool များကို ကျွမ်းကျင်စွာ အသုံးချတတ်သော်လည်း ထို Tool များ မည်သို့ လုပ်ဆောင်သည်ကို မသိရှိ၊ မလေ့လာဘဲ အသုံးချသူများသာဖြစ်သည်။

    Intermediate Hacker

    Computers Networks Programming နှင့်သက်ဆိုင်သော နည်းပညာရပ်များကို တတ်မြောက် သော်လည်း ၄င်းနည်းပညာရပ်များကို လက်တွေ့ အသုံးချခြင်းမရှိဘဲ အခြားသူများရေးသားထားသည့် Exploits ( Software များ၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို အသုံးချထိုးနှက်ပြီး Computer System ကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသော Code ) များကို အသုံးချပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်သူများဖြစ်သည်။

    Elite Hacker

    နည်းပညာကြွယ်ဝသော Hacker များဖြစ်ပြီး၊ Hacking Tool များ Exploit များကို ကိုယ်တိုင် ရေးသားပြီး အသုံးပြုသူများဖြစ်သည်။ Computer System များအတွင်းသို့ မည်သည့် သဲလွန်စမျှ မကျန်စေဘဲ ၀င်ရောက်နိုင်စွမ်းရှိသူများဖြစ်သည်။
    ****************************************************************************
    ၁။ (ဂ) Hacker တစ်ဦးဖြစ်လာရန်

    လေ့လာသင်ယူလိုမှုနှင့် တီထွင်ဖန်တီးနိုင်မှုသည် Hacker တစ်ဦးဖြစ်လာရန် အတွက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးသော လိုအပ်ချက်များပင်ဖြစ်သည်။
    **************************************************

    ၂။ Password အကြောင်းသိကောင်းစရာ

    Computer System များနှင့် Web Based System များ၊ Website များသည် လုံခြုံရေးနှင့် ပုဂ္ဂလိကမှတ်တမ်း များကို ကာကွယ်ရန်အတွက် Password ကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း Hacker များသည် ယင်း Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားပြီး မသမာသော လုပ်ရပ်များလုပ်ဆောင်ခြင်း၊ ကျူးကျော်ခြင်းစသည့် လုပ်ရပ်များကို လုပ်ဆောင့်လေ့ရှိကြသည်။ အချို့သော Hacker များသည် Bank Information ဆိုင်ရာ အချက် အလက် များကို ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူပြီး ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များကို လုပ်ဆောင်ရန်အတွက် E Mail Password၊ Computer Password စသည်တို့ကို ပစ်မှတ်ထားကာခိုးယူလေ့ရှိသည်။

    ဖော်ပြမည့် Password ဆိုင်ရာ အချက်အလက်များအား Password နှင့်ဆိုင်သော ခြိမ်းခြောက်မှုရန်မှ ကာကွယ်နိုင်စေရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်ပြီး၊ အခြားသောသူများ၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုကို ကျူးကျော်ခြိမ်းခြောက်ရန်အတွက် အသုံးမပြူစေလိုပါ။

    Password ဖြင့် ကာကွယ်မှုများကို ကျော်လွှားခြင်း

    Social Engineering

    အခြားသောသူများ၏ Password ကိုရယူရန်အတွက် နည်းလမ်းများစွာရှိသည့်အနက်မှ Social Engineering သည် အဟောင်းနွမ်းဆုံး၊ အရိုးစင်းဆုံးဖြစ်သော်လည်း အသုံးဝင်ဆုံးဖြစ်သည်။ Social Engineering Attack သည် ယုံကြည်မှု၊ သတိကင်းမဲ့မှု၊ လျစ်လျူရှုမှုများစသည့် အားနည်းချက်များကို အသုံးချကာတိုက်ခိုက်ထိုးနှက်ခြင်း ပင် ဖြစ်သည်။

    မကြာသေးမီကပင် Twitter Website သည် Social Engineering ကို အသုံးပြု၍ တိုက်ခိုက်ကျူးကျော်ခြင်းကိုခံခဲ့ရသည်။ ထို့ပြင် ထိပ်တန်း Hacker ကြီးဖြစ်သော Kevin Micknick ပင်လျှင် Social Engineering Attack ဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

    အောက်တွင်ဖော်ပြထားသော Social Engineering Attack ဆိုင်ရာ ဥပမာများမှာ Hacker များ အသုံးပြုလေ့ရှိသည့် အနက်မှ အချို့သာဖြစ်ပြီး၊ ၄င်းတို့သည် ရိုးစင်းလွန်းလှသည်ဟု ယူဆရသော်လည်း ထောင်ပေါင်းများစွာသော သူတို့သည် ဤနည်းများကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ကြုံတွေ့ခဲ့ရပြီး၊ ကြုံတွေ့ရဆဲနှင့်ဆက်လက်ကြုံတွေ့ရ ဦးမည်သာ ဖြစ်သည်။


    Shoulder Surfing Attack

    Shoulder Surfing Attack ဆိုသည့်အတိုင်းပင် အသုံးပြုသူ ဖြည့်သွင်းလိုက်သော Password ကို ချောင်းမြောင်းကြည့်ရှုပြီး ရယူခြင်းပင်ဖြစ်သည်။ ဤတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းမှာ Password ဖြည့်သွင်းစဉ်တွင် ပတ်ဝန်းကျင်ကိုသတိထားပြီးမှာသာ ဖြည့်သွင်းရန်ဖြစ်ပြီး၊ ထိုသို့ တိုက်ခိုက်ခြင်းခံခဲ့ရပါက အကောင်းဆုံးသော တုံ့ပြန်မှုမှာ ချောင်းမြောင်းကြည့်ရှုသူ၏ မေးရိုးအား ၀ိုက်လက်သီးဖြင့် ပြင်းထန်စွာထိုးနှက်ခြင်းပင်ဖြစ်သည်။

    Guessing Attack

    များသောအားဖြင့် အသုံးပြုသူများသည် Password ရွေးချယ်ရာတွင် မိမိတို့၏ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ ရင်သွေးငယ်များ၏အမည်၊ တယ်လီဖုန်းနံပါတ် စသည်တို့ကိုသာ ရွေးချယ်လေ့ရှိသည်။ ဤသည်ကပင် တိုက်ခိုက်ရန်အတွက် အလွယ်ကူဆုံးသော၊ အားနည်းမှုအရှိဆုံး အခြေအနေသို့ ရောက်ရှိအောင် ကိုယ်တိုင်ရွေးချယ်ဖန်တီးခြင်းပင်ဖြစ်သည်။

    Dictionary Attack

    Dictionary Attack ဆိုသည်မှာ ရွေးချယ်လေ့ရွေးချယ်ထရှိသော Password များပါဝင်သည့် Text File ပါဝင်သည့် Programme တစ်ခုကို အသုံးပြုပြီး၊ Password ကို သိမ်းဆည်းထားသော Database နှင့် ထို Password File တွင်ပါဝင်သော Password များကို တိုက်ဆိုင်စစ်ဆေးကာ Password ကိုရယူခြင်းဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ကောင်းမွန်သော Password များကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ။
    Dictionary Attack အတွက် အသုံးပြုသော Programme ပေါင်းများစွာရှိပြီး၊ အချို့ကိုအခမဲ့ရယူ သုံးစွဲနိုင်သည်။

    Brute Force Attacks

    Brute Force Attack သည် ဖြစ်နိုင်ချေရှိသော Password ကို Letters များ (abcdefghijklmno……)၊ Number များ (0123…….)၊ Special Characters (@#%*^!”>,, …..) စသည်တို့ကို တွဲဖက်ပြီး ၄င်း Results များကို Password Database နှင့်တိုက်ဆိုင်စစ်ဆေးကာ Password ကို ရယူခြင်းပင်ဖြစ်သည်

    ပဲခူး သား (MITG)

    Web Proxy မြင့်ကျော်ပြီး ဂျီမေးလ် အကောင့်အသစ်အခမဲ့ ဖွင့်နိုင်ပြီ



    မေးလ် အကောင့် အသစ်ဖွင့်ရန် အခက်အခဲ တွေ့ကြုံ နေရာမှ ယခုအခါ ကိုင်တိုင်အခမဲ့ အကောင့်သစ် လျှောက်ထားနိုင်တော့မည်ဖြစ်သည်။
ုဆိုင်များကိုအခကြေးငွေ ပေး ဆောင်ရွက်စရာ မလိုတော့ဘဲ ယခုနည်းလမ်းကို အသုံးပြုပါက အကောင့်သစ်ကို လွယ်ကူစွာ ရရှိနိုင်ပါသည်။


    အကောင့်သစ်ဖွင့်လိုသူများအနေဖြင့် မေးလ်အကောင့်ကို Web Proxy မှကျော်ပြီးဖွင့်လို့ရနိုင်ပါသည်။ အကောင့်များသည်ယခုအခါ သမရိုးကျဖွင့်ရန်ခက်ခဲ နေသည်မှာ ကာလအတန်ကြာနေခဲ့ပါပြီ။
    ယခုကဲ့သို့ Proxy ကျော်ဖွင့် ရာ တွင်Login Name ကို Chat Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက် ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ မှာ Login Name မရလျှင်ပြန်ဖြည့် ထည့်ပြီး ပြန်ဖွင့်ရမည်ဖြစ်သည်။

    လုပ်ဆောင်ချက်မှာ - ပထမဦးစွာ http://hidemyass.com/ကိုအရင်သွားရမည်ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် http://mail.google.com/ဟုရိုက်ထည့်ပြီး Hide My Ass Buttom ကိုနှိပ်ပါ ။ ထိုသို့ နှိပ်လျှင် Access Denied ဟိုပေါ်နေလျှင် Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ် ပြီး Gmail Window ကျလာလျှင် Creat an account ကိုကလစ်လိုက်ပြီး ပိုမှန်ဆောင်ရွက်နေကျအတိုင်း ဖြည့်စွက် ပြီး အကောင့်ဖွင့်ရမည်ဖြစ်သည်။

    သို့သော် အကောင့်သစ် ဖွင့်ရာတွင် ကော်နက်ရှင် ကောင်းမွန်ရန်လိုအပ်ပြီး ကော်နက်ရှင်နှေးနေလျှင် သုံးလေးခါလောက် ကြိုးစားဖြည့်စွက် ပြီးဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည်ဖြစ်သည်။

    အောင်မြင်ပါစေ။

    IT Weekly ဂျာနယ်-
    ကိုသက်စိုး (မြောက်ဦး) မှ-
    ကူးယူဖော်ပြသည်

    ROUTER ကို SETTING ချပြီး WIFI ပြန်လွှင့်နည်း

    Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။



    မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။

    အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။ ပုံလေးကိုအရင်ကြည့်လိုက်ပါ။
    Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။
    အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။
    နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။

    ပုံမှပြထားတဲ့အတိုင်း Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။
    အပေါ်ပုံမှာပြထားတဲ့ အတိုင်း Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။
    USer Name = admin
    Password = admin
    IP Address = 192.168.0.1

    ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။
    ကျွန်တော် လုပ်ဖူးတဲ့ Router တော်တော်များများကတော့ အဲ့အတိုင်းပါပဲ။
    Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။
    သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။
    ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။
    အဲ့ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ 
    ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။
    Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ 
    အလွယ်ပေါ့နော် WAN နဲ့ LAN  ပေါ့ဗျာ :D

    Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router  တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။
    သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။
    Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။
    ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။

    ip address =192.168.1.2
    subnet mask = 255.255.255.248
    default gateway = 192.168.1.1

    primary dns = 203.81.64.18
    secondary dns = 203.81.64.19

    Wan ရဲ့ default gateway 192.168.1.1 ဆိုရင်  Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။

    Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုက်တဲ့ lan ip နံပါတ်ကို ရိုက်ပေးပြီးဝင်ရမှာဖြစ်ပါတယ်။

     WAN ကို Setting ထည့်ပါ့မယ်။





                 Network မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။










     Network ကို နှိပ်ပါ။

    Wan connection Type မှာ Static IP ကို ရွေးပေးပါ။
    IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။
    (MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ)
     Wan အပိုင်းတော့ပြီးပါပြီ။ 
    Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။


     Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။

    WIRELESS
    *********
    WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်...  Wireless ကိုနှိပ်ပါ။
    SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့
    Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
    SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ 
    Click Here ကိုနှိပ်ပါ။
    Reboot ကိုနှိပ်ပါ။
    အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
    ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
    ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ 
    အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။
    Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။
    Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
    Wireless ကို နှိပ်ပါ။
    Security Settings ကိုနှိပ်ပါ။
    မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။
    မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။
    မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။
    အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင်
    Save လုပ်ပါ။
    Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
    Reboot ကို ထပ်နှိပ်ပါ။

    Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
    ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက 
    အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။
    ============================================
    ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။
    IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း 
    admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ 
    အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။
    ============================================
    Maintenance ကို နှိပ်ပါ။
    System Tools မှတဆင့် Password ကို နှိပ်ပါ။
    ပုံမှာပြထားသည့်အတိုင်း 
    Old user Name မှာ အရင်သုံးခဲ့တဲ့ admin
    Old Password မှာ အရင်သုံးခဲ့တဲ့ admin
    New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။

    ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
    Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။

    (လိုအပ်တာများရှိရင်လည်း အကြံပေးနိုင်ပါတယ်ခင်ဗျာ)


    Credit >>>> www.pyayblogger.com
     အားလုံးအဆင်ပြေကြပါစေ...........

    MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

    မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

    ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
    PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
    ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
    ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
    အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
    Picture
    Create Personal Account ကိုရွေးပါ
    Picture
    ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
    Picture
    Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
    ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
    Picture
    ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
    လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
    Picture
    Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
    Picture
    ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
    အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
    လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
    Picture
    အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
    လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
    Picture
    ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
    ဆက်ကြည့်လိုက်ပါဦး။
    Picture
    ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
    ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

    credit >>>>> MM IT Helper
    မောင်ပေါက်

    Note 3 အတွက် မြန်မာစာပါတဲ့  firmware နှင့် မော်ဒယ် နံပတ်အလိုက် CWM များ