Monday 28 October 2013
Facebook ရဲ့  Free Application နဲ့ တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်ကြမယ်
နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကိုတော်တော်များများသိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။ဒါ့အပြင် Android / iOS ဖုန်းတွေကို ကွန်ပြူတာကနေထိန်းချုပ်ဖို့ အတွက် TeamViewer QuickSupport ဆိုတဲ့ App လည်းရှိပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့စက်တွေမှာဆို အခက်တွေ့ ပါတယ်။ ဘာဆော့ဝဲမှသုံးစရာမလိုဘဲ တစ်ယောက်ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို့ ရတဲ့ Facebook Application တစ်ခုရှိပါတယ်။ သူကတော့ Deskhop App ဖြစ်ပြီး Windows, Mac OS X(10.6) မှာသုံးနိုင်ပါတယ်။
ပထမဆုံး Deskhop App page ကိုသွားပါ။ “Go to App” ကိုနှိပ်ပါ။
clip_image002
သူငယ်ချင်းတစ်ယောက်ကိုရွေးချယ်ပါ။ Chat ပိတ်ထားတဲ့သူတွေ ဆိုရင်တော့ မြင်ရမှာမဟုတ်ပါ။
clip_image004
ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပေးပါ။ ဒါဟာ ခနတာ အင်စတာလုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ဖို့ လိုပါတယ်။
ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း  အလိုလို ဖျက်ပေးမှာပါ။
ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။
ref:http://www.kothuya.com
Sunday 27 October 2013
MMSD Smart Zawgyi v1.4(Alpha)
Screenshot_2013-10-26-14-24-24
MMSD Smart Zawgyi v1.4 ကတော့ ကိုကျော်စွာသွင်ရေးထားတဲ့ Smart Zawgyi 3 ကိုအခြေခံထားတာပါ။
မည့်သည့်ဖောင် Changer နဲ့ထည့်ထည့်မြန်မာစမပေါ်သော Y511
0 တွေပေါ်ပေါ်နေတက်သော G610, Y320 တို့အပြင်
Samsung,Sony,Huawei,HTC,imobile နှင့်မည်သည့် Model မဆိုအသုံးပြုနိုင်ပါတယ်။
Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး
Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမြန်မာစာမှန်ပါတယ်။
ဒီ ဖောင် Changer ကိုအသုံးပြုမယ်ဆိုရင် အခြား Font Changer များအသုံးပြုထားသောဖုန်းများတွင်သုံးမည်ဆိုလျှင် Firmware ပျက်တက်ပါသည်။
Android App ဖြစ်သည့်အတွက် ဖုန်းအတွင်းထည့်သွင်းအသုံးပြုရန်လိုအပ်ပါသည်။
မိမိဖုန်းအား Root ဖောက်ထားရန်လိုအပ်ပါသည်။
Alpha version ဖြစ်သည့်အတွက်အနည်းနဲ့အများ Error ရှိနိုင်ပါသည်။ =D
Google Playstore ကနေ ဒေါင်းလော့ဆွဲခြင်းဖြင့်ကူညီပါ။
Vote လေးပါပေးခဲ့အုံးနော်။
Playstore မဒေါင်းနိုင်သူများအတွက် ဒီမှာဒေါင်းပါ။
Download
MMSD 
Note II 4.3 Offical Firmware
N7100XXUEMJ5_N7100OLBEMJ4_N7100XXUEMJ5_OLB.zip
Download
ဗွီဒီယို တည်းဖြတ် ဖို့အတွက် အကောင်းဆုံး Cyberlink Power Director 12 + Crack
ကျနော်ကိုယ်တိုင် နှစ်သက်စွဲလန်းစွာ အသုံးပြုနေတဲ့ Video တည်းဖြတ်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူရိုးရှင်းပြီး ပရိုဖက်ရှင်နယ် စတိုင် Video တည်းဖြတ်မှုများကို ပြုလုပ်နိုင်ပါတယ်။ ထူးခြားတာတစ်ခုကတော့ တည်းဖြတ်ထားတဲ့ Video ကို DVD အခွေအဖြစ်ပါ တစ်ခါတည်း အချောထုတ် ပြုလုပ်နိုင်ပါတယ်။ ဒီဆော့ဝဲလေးကတော့ သင်ရဲအမှတ်တစ်ရ video တွေကို တည်းဖြတ်ဖို့ကူညီပေး နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာတိုင်းမှာရှိသင့်တဲ့ ဆော့ဝဲတစ်ခုလည်းဖြစ်ပါတယ်။
Saturday 26 October 2013
iTunes on Deauthorize All Computer
ပုံမှာ ပြထားတဲ့ အတိုင်းiTunes Store> View Account ၀င်ပါ
 Deauthorize လုပ်မည့်အကောင့်နဲ့ login ၀င်ပါ
 Deauthorize All ကိုနှိပ်ပါ အဲဒါဆို ရင်ရပါပြီ
အကောင်းဆုံးသင်ကြားပေးမည့် Mobile Software Service Training Course
http://www.cellulartechmalta.com/media//repair_man.jpg
iOS & Android စနစ် ဖုန်း/Tablet များ၏ system ပိုင်းဆိုင်ရာများကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းခြင်းပြုလုပ်လိုသူများ ၊
ဖုန်းဆော့ဝဲဆားဗစ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူများ နှင့် မိုဘိုင်းဖုန်း Application များ ကိုယ်တိုင်ရေးသားလိုသူများအတွက်
အတွက် Myanmar Mobile App Store (www.myanmarmobileapp.com) မှ ဈေးနှုန်းသက်သာစွာဖြင့်သင်ကြားနိုင်မည့် မိုဘိုင်းဖုန်းဆော့ဝဲဆားဗစ် နှင့် Mobile Application Development Training Course တစ်ခုကို မန္တလေးမြို့မှာ ၂၀၁၃ နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ Training Course ကာလအနေနဲ့ တစ်လခွဲခန့်ကြာမြင့်မှာဖြစ်ပါတယ်။
ယခုခေတ်သည် မိုဘိုင်းခေတ်ဖြစ်သောကြောင့် မိုဘိုင်းဖုန်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာများကို မည်သူမဆိုကိုယ်တိုင်ကျွမ်းကျင်တတ်မြောက်ထားသင့်ပါသည်။ အပျက်အများဆုံးဖြစ်သော System ပိုင်းဆိုင်ရာများကိုပြုပြင်ခြင်း နှင့် အခြား မိုဘိုင်းဖုန်းဆော့ဝဲဆားဗစ်ပိုင်းဆိုင်ရာပြုပြင်ခြင်းများကိုအခြေခံကနေစပြီးကျွမ်းကျင်ပိုင်နိုင်စွာပြုပြင်နိုင်သည်အထိ
Training Course တစ်ခုအဖြစ်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဆိုင်ရာအခြေခံ ၊ မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းအခြေခံမှစ၍ အသေးစိတ် Specialized သင်ကြားပေးသွားမည်ဖြစ်သောကြောင့် အခုမှစ၍ ဖုန်းအကြောင်းစလေ့လာသူများသာမက ယခုမှဆားဗစ်စလုပ်ကိုင်သောမိုဘိုင်းဆားဗစ်သမားများပါ မွမ်းမံသင်တန်းအနေနဲ့တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။
ယခုဖွင့်လှစ်မည့် Training Course တွင် မိုဘိုင်းဖုန်းဆိုင်ရာအခြေခံသိမှတ်ဖွယ်ရာများ ၊ မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းပြုပြင်ခြင်းအသေးစိတ် ၊ Hardware Additional Course နှင့် ဖုန်းဆော့ဝဲရေးသားဖန်တီးခြင်း Course များကို မိုဘိုင်းဆားဗစ်အတွေ့အကြုံများစွာရှိသောပညာရှင်များမှ သင်ကြားပေးမည်ဖြစ်ပါသည်။
Mobile Service Training Course အနေဖြင့် Android ဖုန်းများတွင်ဖြစ်တတ်သော Error အမျိုးမျိုး ကိုဖြေရှင်းနည်းများ ၊ Android OS System များ ၊ function တစ်ခုချင်းအကြောင်းကို အသေးစိတ်သင်ကြားပေးခြင်း ၊ Android ဖုန်း/Tablet များအား Root လုပ်ခြင်း ၊ Bootloop/SoftBrick / HardBrick Error များကိုဖြေရှင်းခြင်း ၊ ဖုန်းတွင်း System များကိုစိတ်ကြိုက်ပြင်ဆင်ခြင်းများ ၊ Android ADB/Fastboot command များအသုံးပြုပုံ ၊ Android official Firmware /Custom Firmware တင်နည်းအမျိုးမျိုး ၊ Android ROMRecovery ဖန်တီးခြင်းနည်းလမ်းများ ၊ Android System Flash နည်းအမျိုးမျိုးFlash Tool များအသုံးပြုခြင်းနည်းလမ်းများ ၊ ဖုန်း Network Lock ဖြည်ခြင်း ၊ Android Kernel/IMEI/Recovery နှင့်ပတ်သက်၍အသေးစိတ်သင်ကြားပေးခြင်း ၊ Android OS hacking နည်းလမ်းများ ၊ ဖုန်းတွင်ဖြစ်ပေါ်လာသော System ပိုင်းဆိုင်ရာ error များကိုမည်သို့မည်ပုံဖြေရှင်းရမည် စသည့် မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းပြုပြင်နည်းများ ၊ မြန်မာပြည်တွင် အသုံးများသော MTK အမျိုးအစား တရုတ်ဖုန်း ၊ clone ဖုန်းများကိုပြုပြင်ခြင်းအသေးစိတ်သင်ကြားပေးခြင်း ၊ Hardware Additional Course အနေဖြင့် ဖုန်း Hardware ပိုင်းဆိုင်ရာပြုပြင်ခြင်းသဘောတရားများ ၊ Deadboot ဖြစ်နေသော Android Device များကို Tool Box အမျိုးမျိုးအသုံးပြု၍ Boot ပြန်နှိုးခြင်း ၊ Toolbox များသုံး၍ OS ပြန်တင်ခြင်းများနှင့် Toolbox များကိုကျွမ်းကျင်စွာအသုံးပြုတတ်စေရန်သင်ကြားပေးမည်ဖြစ်ပြီး ၊ အခြား Android System Maintenance Technique တွေကိုအသေးစိတ်သင်ကြားပေးမည်ဖြစ်သည်။
iOS Devices (iPhone/iPad/iPod touch) များတွင်ဖြစ်တတ်သော Error များကိုဖြေရှင်းနည်းများ ၊ iOS တွင်ပါဝင်သော System များ ၊ function တစ်ခုချင်းအကြောင်းကို အသေးစိတ်သင်ကြားပေးခြင်း ၊ iPhone/Pad/Pod touch များအား OS version အလိုက် Jailbreak လုပ်ခြင်းအမျိုးမျိုး ၊ Firmware Upgrade / Downgrade ပြုလုပ်နည်းများ ၊ iTunes Error များအကြောင်း အသေးစိတ်သင်ကြားပေးခြင်း ၊ Cydia Tweaks/Repo များဖန်တီးခြင်း ၊ iOS Tools များကိုအသုံးပြုခြင်း ၊ iOS hacking Technique များနှင့် အခြား iOS System Maintenance Technique များကိုအသေးစိတ် သင်ကြားပေးသွားမည်ဖြစ်သည်။
ဖုန်း/Tablet နှင့်ပတ်သက်သော ဖြစ်ပေါ်တတ်သည့် Error များကို ကိုယ်တိုင်နားလည်ပြီး စဉ်းစားတွေးခေါ်ဖြေရှင်းတတ်စေရန် အဓိကသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းမှပြီးဆုံးသွားသည်နှင့် မိုဘိုင်းဖုန်းဆားဗစ်ပြုပြင်ခြင်းဆိုင်ရာပညာရပ်များကို သေချာစွာတတ်မြောက်နိုင်မည်ဖြစ်ပြီး အခြေခံကောင်းများစွာရရှိသွားစေမည်ဖြစ်ပါသည်။
သင်ကြားပေးမည့် Course Titleအသေးစိတ်ကို အောက်မှာဆက်လက်လေ့လာနိုင်ပါသည်။
Mobile Application Development Course တွင် လူသုံးအများဆုံးဖုန်း OS ဖြစ်သော Android ဖုန်း/Tablet များအတွက် ဖုန်းဆော့ဝဲများကိုယ်တိုင်ရေးသားလိုသူတွေအတွက်လည်း Android Mobile Application Development Course တစ်ခုကို
ထည့်သွင်းသင်ကြားပေးမည်ဖြစ်ပါသည်။
စာတွေ့လက်တွေ့သင်ကြားထားခြင်းကို ပို၍ မှတ်မိကျွမ်းကျင်စေရန် ငါးရက်တစ်ကြိမ် အပတ်စဉ် Review ပုံစံ ဖြင့်လည်း ပြန်လည်စစ်ဆေးပေးသွားမည်ဖြစ်သည်။ ဒါ့အပြင်ကိုယ်ပိုင်ဖုန်းဆားဗစ်ဆိုင်ဖွင့်တဲ့အခါ အသုံးပြုနိုင်ဖို့ နေ့စဉ် အသစ်ထွက်ရှိနေတဲ့ ဆော့ဝဲများ ၊ ဂိမ်းများ ၊ Phone Firmware များ ဆားဗစ် Tool များနဲ့ ဖုန်းဆော့ဝဲဆားဗစ်နှင့်ပတ်သက်တဲ့ Tool မှန်သမျှ ကိုလည်း TrainingCamp ပြုလုပ်နေစဉ်အတွင်းမှာနေ့စဉ်ပံ့ပိုးကူညီမှုပြုလုပ်ပေးသွားပါမည်။
သင်တန်းကြေး Course Fees အနေနဲ့ မိုဘိုင်းနည်းပညာကိုစိတ်ပါဝင်စားသူတိုင်း ၊ မိုဘိုင်းဖုန်းဆော့ဝဲများကိုရေးသားလိုသူများ နဲ့ ဖုန်းဆော့ဝဲဆားဗစ်ပညာကိုသင်ချင်ပေမယ့် ပြင်ပသင်တန်းတွေမှာ့ ဆော့ဝဲဆားဗစ် course တင် သင်တန်းကြေးသုံးလေးသိန်းခန့်ဖြစ်နေတဲ့အတွက် ဈေးနှုန်းကြီးမြှင့်လို့ မတက်ရောက်နိုင်သူများအနေနဲ့လည်း တက်ရောက်သင်ကြားနိုင်ရန်ရည်ရွယ်တဲ့အတွက်  အပြင်ဖုန်းဆော့ဝဲဆားဗစ်သင်တန်းတွေထက် များစွာသက်သာသောနှုန်းထားဖြင့်သာ သင်ကြားပေးသွားမှာဖြစ်ပြီး မိုဘိုင်းဆော့ဝဲဆားဗစ်ပိုင်းနှင့်ပတ်သက်၍အမှန်တကယ်ကျွမ်းကျင်တတ်မြောက်စေရန် သင်ကြားပေးမည်ဖြစ်သည်။
Training Course အသစ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မှာဖြစ်ပြီး Section တစ်ခုလျှင် လူအရေအတွက် ဆယ်ယောက်သာ သင်ကြားပေးမှာဖြစ်လို့Myanmar Mobile Application Store ရဲ့ Mobile Software Service Training Course သို့တက်ရောက်သင်ကြားလိုသူများ အနေဖြင့် သင်တန်းနေရာသို့အမြန်ဆုံး လာရောက်သင်တန်းအပ်နှံထားရန်လိုပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့အထိသာသင်တန်းလက်ခံမည်ဖြစ်ပါသည်။ Course နှင့်ပတ်သက်ပြီးအသေးစိတ်သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ် ၀၉ ၉၁၀၃၃၁၃၄ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စာရင်းပေးသွင်းရန် နှင့် သင်ကြားမည့် နေရာ – ၈၁လမ်း ၄၅ ၄၆ ကြား
မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ် ဘေး ဘောလုံးကွင်း နှင့်မျက်နှာချင်းဆိုင်
အမှတ် ၇၇၉
eonLogix Software Development
Course Title – Mobile Software Service Training Course + Mobile Application Development
သင်ကြားမည့် Course Subject များထဲမှအချို့
- Understanding Android OS
Understanding Detail Android System Config
Using PC Suite , Sychronization Tools
Myanmar font installation method (Root/UnRoot)
Comprehensive Guide to ADB Commands, Fastboot Commands
Soft-brick Error Repairing
Bootloader Lock/Unlock , S-on/S-off
Network Unlock
Understanding Android Kernel
Android System Flashing Methods( SD / USB Command Flashing / Various Flashtool Method  and more….etc…..)
Official Firmware Upgrade / Downgrade
Android Hacking tips
System error considering and repairing
Backup/Restore EFS Partition/ IMEI
CID checking
Radio flashing ,APN
Android Device Rooting Methods
Creating Custom Firmware
Android Application (apk) Development Method
Comprehensive Guide to Recovery
Understanding Detail iOS System Config
Using iOS PC Suite , Sychronization Tools
Activation process
Creating Android PC Suite Toolkit
itunes version , firmware download site ,firmware type,website link iTunes account ( american address)
Jailbreaking , Cydia Package, app syncing
iOS Hacking Tips
Restoring / Updating Firmware
Creating Own Cydia Tweaks
Offline installation , arching with online, Syncing Data , photo,music, Media
unlocking about Network Comparing with modern firmware 3gs, 4,4s
Gevery Sim , r sim official payments ,
Custom firmware ( Snowbreeze , Redsnow ) and more…….
အခြား  Mobile Service Training Course များစွာပါဝင်ပါသေးသည်။
Smart Zawgyi 3- Kyaw Swar Thwin
မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိလာပါတယ်။ Android version 1.6 မှ Android 4.4 ဖုန်းများအားလုံးကို ဒီ Tool နဲ့မြန်မာစာသွင်းနိုင်မှာပါ။ ကွန်ပျူတာ Tool တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်… အရင်ပုံစံတွေနဲ့အဆင်မပြေတော့ပါဘူး… နောက် Huawei G610-U00,Y320-U00 ဆို ၀လုံးတွေထပ်နေတယ်… Y511-U00 ဆိုမြန်မာစာကိုမပေါ်ဘူး… အဲ့ကောင်တွေမှာမြန်မာစာအဆင်ပြေအောင်… နောက် Smart Zawgyi သွင်းပြီးအဆင်မပြေလို့ပြန်ဖြုတ်ချင်ရင်လဲပြန်ဖြုတ်လို့ရအောင်ဒီ Version မှာပြင်ပေးထားပါတယ်… နောက် Bootloop မပတ်အောင်လဲ ကွန်ပျူတာပေါ်ကနေ မ Run ခိုင်းပဲ ဖုန်းပေါ်ကနေ Run ခိုင်းထားတယ်… Font ပုံစံကိုလဲမသေးအောင် ကြည့်ရှု့လို့ကောင်းအောင်ပြင်ပေးထားပါတယ်။ Smart Zawgyi 3 Tool ကိုရေးသားသူကတော့ Developer ကိုကျော်စွာသွင်ဖြစ်ပါတယ်။
Smart Zawgyi 3 ကိုအောက်က link များမှာရယူနိုင်ပါတယ်။
 Or
Download
credit>Kyaw Swar Thwin 
Friday 25 October 2013
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android
Android ဖုန်းတွေကို မြန်မာစာ နဲ့ မြန်မာကီးဘုတ်ထည့်သွင်းချင်သူတွေအတွက် ဖုန်းထဲမှာတင်လွယ်လွယ်ကူကူ မြန်မာစာထည့်သွင်းနိုင်မယ့် Myanmar Mobile Zawgyi Changer 2 v1.0.5 ဗားရှင်းအသစ်လေးကိုထုတ်ဝေလိုက်ပါတယ် ။ Myanmar Mobile Zawgyi Changer 2 v1.0.5 ကို ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားဖန်တီးထားပါတယ်။
MMAS Zawgyi Changer 2 v1.0.5 for Android မှာပါဝင်တဲ့ feature တွေအနေနဲ့
-Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi 3 feature အသစ်ကို MMAS Zawgyi Changer 2 v1.0.5 တွင် Mobile Version အနေနဲ့ထည့်သွင်းရေးသားထားခြင်း
-Smart Zawgyi 3 feature တွေကတော့ လှပတင့်တယ်သည့် ဖောင့်စာလုံးပုံစံ
-ဖုန်းအမျိုးမျိုးနဲ့ အဆင်ပြေစေမည့်မြန်မာစာစနစ်
မြန်မာစာအဆင်မပြေသည့် နောက်ဆုံးထွက် Sony ဖုန်းများတွင် Orient Myanmar ကဲ့သို့ရှေ့နောက်မလွဲသည့်စနစ်
G610-U00,Y320-U00,Y511-U00 တို့ကဲ့သို့ မြန်မာစာမပေါ် ၀လုံးပေါ်သောဖုန်းများအတွက်အဆင်ပြေစေမည့်စနစ်တွေပါဝင်ပါတယ်။
-MMAS Zawgyi Changer 2 ရဲ့ အခြား feature တွေအနေနဲ့ကတော့ Smart Zawgyi နေရာမှာ အခြား font တွေဖြစ်တဲ့ Zawgyi font , Zawgyi Flower font, Zawgyi Dancing font , Sony Zawgyi font နဲ့ စံမြန်မာဖောင့်တွေပါဝင်ပြီး ယင်း font ခြောက်မျိုးစလုံးကိုစိတ်ကြိုက်ပြောင်းသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။
-အရင် version တွေလို မူရင်းဖောင့်(ဥပမာ-တရုတ်ဖောင့်များ)ပျောက်မသွားအောင်လည်း ပြုလုပ်ပေးထားပါတယ်။
MMAS Zawgyi Changer 2 သည် www.myanmarmobileapp.com ၏ Product တစ်ခုဖြစ်ပါသည်။ MMAS Zawgyi Changer 2 v1.0.5 ကို Android version 4.0 မှ Android 4.3 အထိရှိသော ဖုန်းအားလုံးတွင်အသုံးပြုနိုင်မှာဖြစ်ပြီး Android 4.4 ထွက်ရှိလာပါကလည်း MMAS Zawgyi Changer 2 v1.0.5 နဲ့အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ယခု Font Changer ကိုအသုံးပြုရန် ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်။
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android (Link 1)
Myanmar Mobile Zawgyi Changer 2 v1.0.5 for Android (Link 2)
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သက်နို်င်စိုးMMAS
မြန်မာခြင်းလုံးဂိမ်း (for android)
ဖုန်းထဲမှာ  ခြင်းခတ်ခြင်တဲ့ မိတ်ဆွေတွေအတွက်မြန်မာခြင်းလုံးဂိမ်းလေးတင်ပေးလိုက်ပါတယ်။ Level 500 အထိပါပြီး online ကနေသူငယ်ချင်းတွေနဲ့ အတူတူဆော့လို့ရတယ်ပါတယ် နာမည်
ကတော့ Seagames chin loneပါ ဆိုဒ်ကတော့ 54 mb ရှိပါတယ် ခင်ဗျ ဆော့ချင်တဲ့မိတ်တွေတွေအောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါတယ်။
Download
ref:MMSD
Thursday 24 October 2013
MMSD Smart Zawgyi v1.3 လာပါပြီ
အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။
Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။
Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့
Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .
မည့်သည့် Font မှမပျက်ပါဘူး
Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ဒီမှာဒေါင်းပါ။
Playstore က ဒေါင်းပြီးကူညီပေးပါအုံး။
Rate Star 5 လုံးပေးခဲ့ပါအုံး =D
Playstore ကနေ ဒေါင်းမဲ့သူများ ဒီမှာဒေါင်းပေးပါ။
Playstore က မဒေါင်းနိုင်သူများ ဒီမှာဒေါင်းပါ။
PC ပေါ်မှာ PSP ဂိမ်းတွေ ကစားလို့ ရပီနော်
တကယ်ဆော့လို့ ရတယ်နော်။ Android ပေါ်မှာလို မထစ်တော့ပါဘူး။အဆင်ပြေတယ်။
ဒါပေမဲ့ ဂိမ်းခလုတ်တော့ ၀ယ်ရမှာနော်။ဒီတိုင်းဆော့တာ ဘာကီးခလုတ်နဲ့ မှ နှိပ်ဆော့လို့ မရဘူး။အောက်မှာ ပြထားတဲ့အတိုင်း တစ်ဆင့်ခြင်း လုပ်ပါ။
ထည့်ပုံထည့်နည်းကလွယ်လွယ်လေးရယ်။
PSP ဂိမ်းဆော့ဖ်ဝဲတွေဒေါင်းလို့ ရမဲ့လိပ်စာကို ပို့ စ်ရဲ့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။
ကိုယ့်စိတ်ကြိုက်ဂိမ်းတွေဒေါင်းလိုက်ပါ။ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ကွန်ပြူတာထဲမှာ
folder တစ်ခုဆောက်ပီး ဂိမ်းဖိုင်တွေထည့်ပေးလိုက်ပါ။
အဓိကလိုအပ်တဲ့ ဖိုင်ကို အောက်ကလိပ်စာမှာရယူလိုက်ပါ။
Download for win 32bit
Download for win 64bit
အပေါ်ကလိပ်စာကဒေါင်းလို့ ရလာရင် zip ဖြည်လိုက်ပါ။
ပီးရင် PPSSPP.exe ဆိုတာကို run လိုက်ပါ။ပီးရင် Games ဆိုတာကို နှိပ်လိုက်ပါ။
ပီးရင် PSP ဂိမ်းဆော့ဖ်ဝဲ တွေထည့်ထားတဲ့ folder ကိုသွားပါ။တွေ့ ရင် ကလစ်လိုက်။
ဒါဆို ခုနက ကိုယ်ဒေါင်းပီးထည့်ထားတဲ့ ဂိမ်းတွေကို တွေ့ ရပါလိမ့်မယ်။ကြိုက်တဲ့ဂိမ်း
ကလစ်ပီး ဆော့ပေတော့။အဆင်ပြေပါစေ။
God of War (Ghost of Sparta)
Download>>God of war (ghost of sparta)
Naruto
Download>>Naruto
မိမိ စိတ်ကြိုက် PSP ဂိမ်းဆော့ဖ်ဝဲတွေကို ဒီမှာဒေါင်းပါ
**သတိ**** PSP ဂိမ်းရဲ့  file extension က ISO နဲ့  CSO ပါ။
အောက်ကပုံကတော့ PSP ရဲ့ file extension တွေပါ။ ISO extension အမျိုးအစားကလည်း WinRar နဲ့ လာတာပါ။
ဒေါင်းလို့ ရလာတဲ့ဖိုင်တွေက Rar နဲ့  Zip ဖိုင်တွေဆိုရင် ISO နဲ့  CSO extension တွေရောက်တဲ့အထိ ဖြည်လိုက်ပါ။****
 MMAS
Download IOS 7.03
Updates in 7.0.3  include:
- Adds iCloud Keychain to keep track of your account names, passwords, and credit card numbers across all your approved devices
- Adds Password Generator so Safari can suggest unique, hard-to-guess passwords for your online accounts
- Updates lock screen to delay display of “slide to unlock” when Touch ID is in use
- Adds back the ability to search the web and Wikipedia from Spotlight search
- Fixes an issue where iMessage failed to send for some users
- Fixes a bug that could prevent iMessage from activating
- Improves system stability when using iWork apps
- Fixes an accelerometer calibration issue
- Addresses an issue that could cause Siri and VoiceOver to use a lower quality voice
- Fixes a bug that could allow someone to bypass the Lock screen passcode
- Enhances the Reduce Motion setting to minimize both motion and animation
- Fixes an issue that could cause VoiceOver input to be too sensitive
- Updates the Bold Text setting to also change dial pad text
- Fixes an issue that could cause supervised devices to become un-supervised when updating software
Wondershare Dr.Fone for Android
Android ဖုန်းတွေ မှာ ဖျက်မိသမျှ Contacts Gallery Messaging Videos တွေကို ပြန်ရှာနိုင်ပါတယ်
Root လိုအပ်ပါတယ်
Download
Licensed E-mail: f1212290@rmqkr.net
Registration Code: 38B5B938C3154E307EF66C139370C70E 
Tuesday 22 October 2013
Safari မှာ မြန်မာလို ကောင်းကောင်း မြင်ရအောင်လုပ်မယ်
တော်တော်များများက Safari မှာ မြန်မာလို ကောင်းကောင်းမပေါ်လို့ ဒုက္ခတွေ့နေကြလို့ ကျွန်တော်ပြောတဲ့အတိုင်းလေး လိုက်လုပ်လိုရင် အိုကေသွားမှာပါ...
အောက်က Zawgyi.css ဆိုတဲ့ File လေးကို ဒေါင်းလုပ်ချလိုက်.
ပြီးရင် မပျောက်ပျက်နိုင်တဲ့ သေချာတဲ့ နေရာထဲကို Copy ကူးလိုက်
ပြီးတာနဲ့ . Safari ကိုဖွင့်ပါ.
Safari > Perferences > Advanced ထဲကိုသွားလိုက်ပါ.
အဲ့ဒီမှာ ဒုတိယအကြောင်းလောက်မှာ. Style Sheet ဆိုတာလေးရှိပါတယ်.
အဲ့ဒါလေးကိုနှိပ်လိုက်ပြီး စောစောက မိမိတို့ Zawgyi.css ကို Copy ကူးခဲ့တဲ့ နေရာကိုသွားပြီး Zawgyi.css ကိုရွေးပေးလိုက်ပါ.
ဒါဆိုရင် Zawgyi မြန်မာစာ အိုကေသွားပါပြီ.
မမှန်သေးဘူးဆိုရင် Safari ကိုအကုန်ပြန်ထွက်ပြီး Browser ကို Restart ပြန်လုပ်လိုက်ပါက မြန်မာစာ Zawgyi ကိုအမှန်မြင်ရမှာဖြစ်ပါတယ်..
ref:Apple Mac OS X Users for Myanmar.
Monday 21 October 2013
Android Version 4.0 အထက် Jelly Bean ဖုန်းအတွက် MMSD Gapps Installer ( Apk )
မည့်သူ့ Gapps Installer များနဲ့သွင်းထားတဲ့ Error တက်နေသော Google App များကို ပြန်ဖျက်ပေးမဲ့ Function ထည့်သွင်းပေးထားပါတယ် ။
4.1.2 တိုင်းလိုလို အဆင်ပြေမယ်လို့ထင်ပါတယ်။
Error မရှိအောင်လုပ်ပေးထားပါတယ် ။
(( No need CWM Recovery.You Can Install gapp get Root Acc. No need Comupter on your mobile phone can install myanmar's first gapps installer ))
လိုအပ်သူများ မူရင်းတင်ထားတဲ့ Playstore မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ် ဆိုဒ်က 10 MB ရှိပါတယ် https://play.google.com/store/apps/details?id=com.phyochan.fouronetwogappinstaller&hl=en
PlayStore ဝင်ရတာ အဆင်မပြေလို့ Apk ကို တိုက်ရိုက်လိုချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းယူနိုင်ပါတယ် ဆိုဒ်က 10 MB ရှိပါတယ်
အားလုံးပဲ အဆင်ပြေကြပါစေ...
Developer By : ဖြိုးချမ်း
Website (သို့) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်...
ဒီလိုတွက်ချက်တာကို Blog နဲ့ website ပိုင်ရှင်တွေ စိတ်ဝင်စားကြမှာပါ... 
မိမိတို့ရဲ့ Blog ဒါမှမဟုတ် website တွေ ဒေါ်လာငွေ ဘယ်လောက်တန်တယ်ဆိုတာ ဒီ http://domainvalue.congland.com/  ဆိုတဲ့ နေရာမှာ တွက်ချက်နိုင်ပါတယ်...ေ
နာက်ပိုင်း ဘိုင်ပြတ်လို့ Blog တွေWebsite တွေ ရောင်းချင်တယ်ဆိုရင်လည်း ဈေးနှုန်းသိရတာပေါ့ဗျာ...း-)
http://domainvalue.congland.com/ ကို ၀င်ပြီးရင် Box ထဲမှာ မိမိ Blog/website လိပ်စာကို ရိုက်ထည့်ပြီး Submit လုပ်... ၁၀ စက္ကန့်လောက်နေရင် ဈေးနှုန်းပေါ်လာလိမ့်မယ်... အခြားပေါ်ပြူလာဖြစ်နေတဲ့ blog/website တွေကိုလည်း ဒီအတိုင်းလေ့လာကြည့်နိုင်ပါတယ်... ဗဟုသုတပေါ့ဗျာ....
ref: >>  htwe naing 
Advanced Xperia Z Launcher v2.0.6 apk
Xperia Z ဒီဇိုင်းနဲ့ လန်းချင်သူများ
 Requirements: 4.0.3+
Saturday 19 October 2013
မသိသေးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Android Tips လေးတွေမို့ .. လေ့လာထားတာလေးတွေ ပြန်လည် မျှဝေလိုက်ပါတယ်။
ဒါလေးတွေ ဘော်ဒါ သိပြီးပြီလား ??
*** Google Map ကို offline ကြည့်နိုင်ဖို့ ***
Google Map မှာ internet မလိုပဲ မြေပုံတွေ ကြည့်ရှုနိုင်အောင် ကြိုတင် စီစဉ်နိုင်ပါတယ်။အင်တာနက်လိုင်း ရနေချိန်မှာ ကိုယ်လိုချင်တဲ့ မြေပုံများကို offline ကြည့်နိုင်ဖို့အတွက် Google Map ထဲမှာ Menu ကို နှိပ်ပါ။ Make available offline ဆိုတာကို နှိပ်ပြီး လိုချင်တဲ့ မြေပုံ ဧရိယာကို ရွေးချယ်ပေးပါ။ ပြီးရင် download ဆွဲကာ သိမ်းနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်လိုင်း မရရှိနိုင်သော နေရာများတွင်လဲ offline ကြည့်နိုင်ပါတယ်။
*** Power ခလုတ်ကို နှိပ်ပြီး ဖုန်းချနိုင်ဖို့ ***
ဖုန်းပြောပြီးလို့ ဖုန်းမှာပါတဲ့ Power ခလုတ်ကို နှိပ်ပြီး အလွယ်တကူ ဖုန်းချနိုင်ပါတယ်။ screen ကို ထိစရာမလိုပဲ End Call လုပ်နိုင်ပါတယ်။ လုပ်ချင်တယ်ဆိုရင် ဖုန်း Setting ထဲမှ Accessibility ထဲကို ၀င်ပါ။ Power Button ends call ဆိုတာကိုရှာပြီး အမှန်ခြစ်ပေးလိုက်ရင် ရပါပြီ။ Setting ၀င်နည်းကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ မတူဘူးပေါ့။ ဒါပေမဲ့ Accessibility အောက်မှာပဲ power ends call function ပါရှိပါတယ်။
*** Sudoku ဥာဏ်စမ်းများကို အမြန်ဖြေနိုင်ဖို့ ***
Google မှာ ဖန်တီးခဲ့တဲ့ Google Goggles ဆိုတဲ့ App ဟာ Sudoku ဥာဏ်စမ်းများကို ဓါတ်ပုံရိုက်ခြင်းဖြင့် အဖြေမှန် ပေါ်အောင်
ဖော်ပြနိုင်ပါတယ်။ Google Goggles ဟာ မိမိသိလိုသော အကြောင်းရာကို ဓါတ်ပုံများရိုက်ပြီး online မှာ ရှာဖွေနိုင်အောင် ဖန်တီးထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပေါက်ကရ တွေ့သမျှတွေ ရိုက်ပြီး ..
မေးလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာစကားများကိုလဲ ဓါတ်ပုံရိုက်ခြင်းဖြင့် ..
ဘာသာပြန်နိုင်တယ်လို့ဆိုပါတယ်။ Play Store မှာ အခမဲ့ ရယူနိုင်တဲ့ app ပါ။
*** ရုတ်တရက် ဖုန်းဟန်းသွားသောအခါ ပြန်ဖွင့်နိုင်ဖို့ ***
တစ်ခါတစ်လေမှာ ဖုန်းက ဘာမှ လုပ်မရတော့ပဲ ရပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင် ဟန်း သွားတာပေါ့ဗျာ။ အဲ့လိုအချိန်မှာ Power + Home Key + Volume Up
ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ကာ ဖုန်းကို Reboot လုပ်နိုင်ပါတယ်။ Battery ဖြုတ်မရတဲ့ ဖုန်းတွေ ဟန်း တဲ့အခါ Power ခလုတ်ကို ခဏလောက် ကြာကြာဖိထားခြင်းဖြင့် Reboot လုပ်နိုင်ပါတယ်။
(eg .. Xperia Z , HTC One )
*** Keyboard အမြန်ဖွင့်နည်း ***
ဖုန်းမှာပါတဲ့ Menu ခလုတ်ကို ကြာကြာဖိထားခြင်းဖြင့် Keyboard ကို အမြန်ဖွင့်နိုင်ပါတယ်။ စာရိုက်ချင်ပြီဆိုရင် Menu ကိုသာ ကြာကြာဖိလိုက်ပါ။ Keyboard တက်လာပါလိမ့်မယ်ဗျာ။
*** Notification ဘားထဲမှ function တွေရဲ့ Setting အမြန်ဖွင့်ဖို့ ***
ဥပမာ wifi setting ထဲ သွားချင်တယ်ဆိုရင် Noti ဘားပေါ်က wifi ပုံကို ကြာကြာဖိလိုက်ရင် wifi setting ထဲ ရောက်သွားပါမယ်။ Noti ဘားထဲရှိ widget များကို ကြာကြာဖိခြင်းဖြင့် သက်ဆိုင်ရာ Setting တွေထဲ အမြန်သွားနိုင်မှာဖြစ်ပါတယ်
*** Speed Dial (သို့) တစ်ချက်နှိပ် ဖုန်းတန်းခေါ်လို့ရဖို့ ***
Android ဖုန်းတွေမှာ Speed Dial ပါဝင်ပါတယ်။ တစ်ချက်နှိပ်ပြီး ဖုန်းတန်းခေါ်တဲ့ဟာပါ။ အလွယ်နည်းကတော့ Home Screen ပေါ်မှ
နေရာလွတ်တစ်ခုကို ကြာကြာဖိပါ။ Widget ကို ရွေးပါ။ Widget ထဲမှာ Contact ကိုရွေးပြီး Home Screen ပေါ်တင်လိုက်ပါ။
ကြိုက်နှစ်သက်ရာ နံပါတ်ကို Contact ထဲမှ ရွေးပေးပြီး Speed Dial ဖန်တီးနိုင်ပါတယ်။ တစ်ချို့ဖုန်းတွေမှာ Contact ထဲဝင်ပြီး menu ခလုတ်ကိုနှိပ်ကာ Speed Dial setting ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။
Android ဖုန်းတွေမှာ Screen Lock ကို မဖွင့်ပဲ Noti ဘားကို ဆွဲချပြီး Noti များစစ်နိုင်တယ်။
Android ဖုန်းတွေကို USB Storage အဖြစ် ကွန်ပျူတာနဲ့တွဲဖက်ပြီး အသုံးပြုနိုင်တယ်။တစ်နည်းဆိုရရင် USB Stick သဘောမျိုး အသုံးဝင်နေတယ်။
ရက်စွဲ နဲ့ လ တွေကို Noti ဘားပေါ် ဖိလိုက်ပြီး အလွယ်တကူ ကြည့်ရှုနိုင်တယ်။
မသိသေးတဲ့သူများအတွက်ပါ။ Tips တွေကတော့ အများကြီးရှိတယ်ဗျ။ အခုရေးတာတွေက ဖုန်းအများစုနဲ့ ကိုက်ညီမယ်ထင်လို့
ရေးပေးလိုက်တာပါ။ စမ်းကြည့်ကြဗျာ။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး စမ်းသပ်တဲ့အခါ ရေးထားတဲ့ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ပြောကြားရင်း ...
ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ..
Mr.AD (www.facebook.com/happyandroidworld)
Google Play မှ download ရယူလိုသော App/Game များကို ကွန်ပျူတာအသုံးပြုပြီး Download ရယူရန်
Google Play က app တွေကို ယခုစာမျက်နှာမှတစ်ဆင့် ဖုန်းမလိုဘဲ app/game များကိုကွန်ပျူတာထဲသို့ တိုက်ရိုက် download လုပ်နိုင်ရန် အလွယ်ဆုံးစီစဉ်ပေးထားပါတယ်။ အောက်က Package name or Google Play URL ဆိုတဲ့ Textbox ထဲမှာ ကိုယ် download ရယူလိုသော app ရဲ့ Google Play link ကိုထည့်ပေးပါ (ဥပမာ- https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp&hl=en) ။
ပြီးလျှင် Generate Download Link ကိုနှိပ်ပါ။ စက္ကန့်အနည်းငယ်အတွင်း “Click here to download from……” ဆိုတဲ့ အစိမ်းရောင်ခလုတ်လေးပေါ်လာမှာဖြစ်ပြီး ယင်းခလုတ်ကိုနှိပ်၍ Download ရယူနိင်ပါပြီ။
MMAS
Friday 18 October 2013
ကွန်ပျူတာကို အသုံးပြုနေသူများအတွက် လိုအပ်သည့် နေ့စဉ်လုပ်ဆောင်ရန် အချက်များ
Fix Repair - vooridersသင့်အိမ်မှာသော်လည်းကောင်း ရုံးခန်းမှာသော်လည်းကောင်း ကွန်ပျူတာများကို ထိန်းသိမ်းခြင်း လုပ်ငန်းသည် သင့် ကွန်ပျူတာ ပုံမှန် ကောင်းမွန်နေစေရန်နှင့် လုံခြုံစွာ အသုံးပြုနိုင်ရန်အတွက်မရှိမဖြစ် လိုအပ်သော အချက်ဖြစ်ပါသည်။ ဒါပေမဲ့ အဲဒီလိုထိန်းသိမ်းဖို့အတွက် ကွန်ပျူတာမှာ ဘယ်လို လုပ်ငန်းတာဝန်တွေ လုပ်ဆောင်ပေးရမလဲဆိုတာနဲ့ ဘယ်လိုမျိုးမကြာခဏ လုပ်ပေးသင့်တယ်ဆိုတာ တစ်ခါတစ်ရံ သင် သတိမရဘူး ဖြစ်နေတတ်တယ်။
ပထမဦးဆုံး Daily, Weekly, Monthly (၃)ခုရှိပါတယ်။
Daily (နေ့စဉ်လုပ်ဆောင်ရန်)
    Computer အသုံးပြုနေစဉ် ကိစ0x081စတစ်စုံတစ်ခုကြောင့် နေရာမှထသွားလျှင် တစ်စုံတစ်ယောက်က Information များမခိုးယူနိုင်စေရန် မိမိ Computer ကို LOCK (Windows key + L) လုပ်သွားပါ။
    Security ကောင်းမွန်သော Antivirus and Antispyware Software များကို Runnging လုပ်ဆောင်ထားပါ။
    Antivirus and Antispyware Software များကို Automatically Check for Updatesလုပ်ဆောင်ထားပါ။
    မိမိ Data များကို Backup နေ့စဉ်လုပ်ပါ။
    သင်၏ ကွန်ပျူတာပြုပြင်မွန်းမံစေရန် နှင့် စွမ်းအင်ချွှေတာနိုင်စေရန် တစ်နေ့တာ အသုံးပြုပြီးတိုင်း ပါဝါကိုပိတ်ပါ။
Weekly (တစ်ပတ်တစ်ခါလုပ်ဆောင်ရန်)
    မိမိ Computer ကို Virus နှင့် Spyware မရှိနိုင်စေရန် Automatically run full scans လုပ်ထားရန်။
    Junk E-mail, Deleted Items Folders များကိုဖျက်ပါ။
    Recycle Bin ထဲမှ Data များ၊ အသုံးမပြုတော့သော Duplicate file များ ကိုဖျက်ပါ။
    အသုံးမပြုတော့သော Software များ ကို Uninstall လုပ်ပါ။
Monthly (လစဉ်လုပ်ဆောင်ရန်)
    Regular Maintenance လုပ်ပေးခြင်း။ Disk Cleanup (Disk CleanUP ကိုသွားမယ်ဆိုရင် Start > All Programs > Accessories > System Tools > Disk CleanUP ကိုဝင်ရပါမယ် ) Disk Defragments (Start>All Programs> Accessories> System Tools> Disk Defragments ကိုသွားပါ ) CHKDSK ((Windows key + R) Run Box> CHKDSK
    သင်ပုံမှန်အသုံးပြုနေသည့် Software များကို အမြဲ Update Installation ပြုလုပ်ပေးပါ။ Operating system, Security Software, Productivity Suites (i.e. Microsoft Office), Internet browsers, Adobe software (i.e. Reader, Flash Player)
လုံခြုံဘေးကင်းသော ကွန်ပျူတာသုံးစွဲခြင်း အလေ့အထကို သင်နေ့စဉ် ကျင့်သုံးရန် သတိရပါ။
Myanmar ICT
Virus ကူးစက်ပုံများနှင့်ဆောင်ရန်ရှောင်ရန် အချက်များ။
 Virus ကူးစက်ပုံများနှင့်ဆောင်ရန်ရှောင်ရန် အချက်များကို ရေးသားပေးလိုက်ပါတယ်။
(၁) ကွန်ပြူတာမှာ Antivirus ဆော့ဝဲ အသုံးမပြုခြင်းကြောင့် Virus အလွယ်တကူကူးစက်တိုက်ခိုက်တတ်ပါသည်။
(၂) Windows Update များ ၊ Security Updates များကို မှန်မှန်ရယူမှုမရှိခြင်း။
(၃) မိမိနှင့်သိကျွမ်းရင်းနှီးမှုမရှိတဲ့သူတွေဆီကပို့ လိုက်တဲ့ အီးမေး attachment ကိုဖွင့် ကြည့်ခြင်း။
(၄) Dialog Bo× မှ စာများကိုသေချာစွာဖတ်ခြင်းမရှိဘဲ Ok button ကိုနှိပ်ခြင်း။
(၅) Malware တွေဟာ Pirated Software များမှာ ခိုအောင်းနေတဲ့အတွက် အဲဒီဆော့ဝဲတွေကို သုံးခြင်းဟာ လည်း Virus ကူးစက်တတ်ပါသည်။
(၆) USB Stick များကို Virus စစ်ဆေးခြင်းမရှိဘဲအသုံးပြုခြင်း။
(၇) Gmail နဲ့တစ်ခြား Email Client Program တွေမှာ ပုံတွေကို အလိုအလျောက်ဖော်ပြပေးခြင်းမရှိဘဲ Block လုပ်ထားတတ်ပါတယ်။ ပုံတွေကိုအလို အလိုအလျောက်ဖော်ပြပေးအောင် ပြုလုပ်ခြင်းဖြင့်လည်း Virus ကူးစက်နိုင်ပါသည်။
Myanmar ICT
Ubuntu Kylin 13.10 (Saucy Salamander) Officially Releas
Ubuntu Kylin 13.10 (Saucy Salamander) Officially Releas စမ်းချင်သူများ အောက်က လင့်မှာ Download ပါ
Ubuntu Kylin 13.10 (ISO) 32-bit
[iso] [934 MB]
[iso] [941 MB] Older Post
Thursday 17 October 2013
MM Auto Trader v1.0 for Android
ပြည်တွင်းဈေးကွက်ရောက် မော်တော်ကားဈေးနှုန်းတွေ ၊ ကားသတင်းတွေ ၊ ကားပြခန်းတွေအကြောင်းကို ကြည့်ရှုနိုင်မယ့် Android application လေးဖြစ်တဲ့ MM Auto Trader v1.0 for Android ကိုတင်ပေးလိုက်ပါတယ်။ ကားအမျိုးအစားအလိုက်လည်းေ၇ွးချယ်ကြည့်ရှုနိုင်ပါတယ်။ Developer ကတော့ ကိုသက်ပိုင်စိုးပါ။ MM Auto Trader v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
MMAS