Friday 19 July 2013

Security Awareness ရှိရအောင် Internet Security ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ဖေါ်ပြလိုက် ပါတယ်

http://www.itsecuritywatch.com/~/media/News/1c056cc4a7a14c8ab329499d2a80312e/201210/public%20officials%20driving%20internet%20security%20awareness_800885947_large.ashx
တင်ပြီးသား ပို့စ်လေးပါ ဒါပေမဲ့ မဖတ်ရသေးတဲ့ MIT-group members တွေအတွက် ရည်ရွယ်ပါတယ် ---

MIT group member တွေကို ယခုလို Internet ခေတ်ကြီးမှာ ပြောမပြနိုင်လောက်အောင် ကောင်းကြိုးတွေရှိသလို ဆိုးကျိုးတွေကလည်း တစ်ပုံတစ်ပုံကြီးပါပဲ ဒီတော့ ကျတော်သိသလောက် လေးကို MIT group member တွေကို Security Awareness ရှိရအောင် Internet Security ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ဖေါ်ပြလိုက် ပါတယ်

Internet Security (1) :
Window s မှာ ပါတဲ့ Build in ပါတဲ့ Firewall ဆိုတာ ———
ကျတော်တို့တွေ နေ့စဉ်အသုံးပြုနေတဲ Computer တွေဟာ အင်တာနက် Connection မချိပ်ခင် မိမိ Computer ဟာ လုံခြုံ မှု အတော်အတန် ရှိတယ်လို့ဆိုပေမဲ့ အင်တာနက် connection သာချိပ်လိုက်မယ်ဆိုရင် မိမိ Computer ဟာ လုံခြုံမှု ရှိတယ်လို့ မဆိုနိုင်တော့ဘူး ဘာကြောငလဲဆိုတော့ အင်တာနက်ကနေ မြောက်များစွာသော virus, malware,Trojan, hacker စတဲ့ အန္တရာယ်တွေ ရန်ကို ကျတော်တို့တွေ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ် ဒီတော့ ကျတော်က မိမိမသိလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ ဆုံးရှုံးမှုတွေ၊ ထိခိုက်နစ် နာမှုတွေနဲ့ ကြုံတွေ့လိုက် ရမှာစိုးလို့ MIT group member တွေကို ယ်လိုကာကွယ်ရလဲဆိုတာကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်.။ မိမိ Computer ဟာ အင်တာနက်သာချိပ် လိုက်မယ်ဆိုရင် ကျတော် အကြံပေးချင်တာက Firewall ကို ဖွင့်ပေးဖို့ အကြံပေးချင်ပါတယ နောက်ပြီး မိမိ အသုံးပြုတဲ့ Antivirus ကိုလည်း အမြဲတမ်း Update လုပ်ပေးစေချင်ပါတယ် Firewall ကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားပါတယ Hardware firewall နဲ့ Software firewall ပါ Hardware firewall ကိုဘယ်လိုနေရာတွေမှာ သုံးသလဲဆိုတော့ small business ကနေပြီးတော Enterprise business တွေမှာသာ သုံးလေ့ရှိပါတယ် Hardware firewall တွေကို များသောအားဖြင့် Cisco Router တွေနဲ့ အခြားသော Router တွေမှာ Hardware ရော hardware နဲ့ကိုက်ညီတဲ့ software တွေကိုပါ build in ပါလေ့ရှိပါတယ် Software firewall ဆိုတာကတော့ Application software တွေလိုပါပဲ မိမိ computer မှာ Install လုပ်လိုက်တာနဲ့ သူက ကိုယ့် Computer မှာရှိတဲ data တွေရော ပြင်ပက ၀င်လာမယ့် အန္တရာယ်တွေပါ ကာကွယ်ပေးနိုင်ပါတယ် ကျတော်တို့သုံးနေတဲ့ Operation System တွေမှာ Software firewall တွေကို Build in ထည့်သွင်းပေးထားပါတယ ကဲမိမိ Computer ကိုလုံခြုံအောင် လက်ရှိကိုယ်သုံးနေတဲ့ OS မှာ firewall ဖွင့်ထားကြရအောင် Control panel ကိုဖွင့်ပါ (Run box ထဲမှာ control ရိုက်) Windows XP ဆိုရင် security center ကိုနှိပ်ပါ ပြီးရင် Firewall tab မှာ Recommendations ကိုနှိပ်ပြီး I have a firewall solution ——— ရဲ့ Check box ကို onပြီး OK နှိပ် လိုက်ရင် မိမိ computer ရဲ့ Firewall ကို ဖွင့်ပြီးထားပြီဖြစ်သည်။ Windows 7 ဆိုရင်တော System and Security ကိုနှိပ်ပြီးတော့ window firewall ကနေ firewall ကို on ပေးပါ။

Internet Security (2)
Browsers တွေရဲ့ Remember password နဲ့ မိမိ gmail,facebook password တွေကို Public access မှာ Internet သုံးရင် ကာကွယ်ရမဲ့ အချက်များ ယနေ့ခေတ်ဟာ ဆိုရင် အင်တာနက်ခေတ်လို့တောင်ပြောရမလို့ဖြစ်နေပါပြ အင်တာနက်နဲ ပတ်သက်လို့ကောင်းကျိုးတွေအများကြီးဆိုတာကို ကျတော်ပြောပြစရာမလိုအောင် MIT group member တွေသိကြမှာပါမှာပါ ကျတော်တို့နေထိုင် ရာကမ္ဘာလောကကြီးမှာ အကောင်းအဆိုးဒွန်တွဲ နေတာဟာ သဘာဝပါပဲ အင်တာနက်ရဲ့ ဆိုးကျိုးတွေဟာ မနည်းမနောပါဘဲ ဒီတော ကျတော်တို့ တွေ အင်တာနက်ရဲ့ ဆိုးကျိုးတွေကို မသိလိုက်ရဘဲဖြစ်သွားမှာစိုးလို့ ကျတော်က MIT group member တွေကို တင်ပြလိုက်ပါတယ် အရင်ဆုံး browser တွေအကြောင်းကို သိထားသငပါတယ် browser (firefox,Chrome,IE) ဆိုတာ ကိုယ်ကြည့် ချင်တဲ့ website တွေကို URL မှာ website ရိုက်ထညလိုက်ရင် web page တွေကိုမြင်တွေရပါပြီ ဒီ web တွေကို ဘယ်လိုတည်ဆောက်ထားတာလ web နဲ့ ပက်သက်ပြီးအခြေခံအကျဆုံး language ဖြစ်တဲ့ HTML(hyper text markup language) နဲ့ရေးထားတာပါ ဥပမာ- ကျတော်တို စာစီစာရိုက်လုပ်ဖို့ Microsoft office လိုတယ ပြီးတော့ ဘာfont နဲ့ရိုက်မလဲဆိုတာလည်းလိုတာပေါ့ဗျာ zawgyi လား wininnwa လား အဲ့ဒီလိုပဲ web page တွေကြညဖို browser လိုတယ် ပြီးတော့ web page တွေကို ကျတော်တို့ ဖက်ရှုနိုင်အောင်ရေးဖို့ HTML လိုတယ် အခုနောက်ပိုင်း java တို့ PHP တို တွေလည်းတော်တော်ခေတ်စားလားပါတယ်
၁) ကျတော်တို့ အင်တာနက်သုံးရာတွင် website address (URL) နဲ့ web page တွေကိုကြည့်ဖို့ အဓိကလိုအပ်ချက်ကတော့ Browser တွေလိုပါလိမ့်မယ် မည်သည့် browser မှာမဆို Remember password တောင်းပါလိမမယ် ကိုယ်က Remember password တောင်းတဲ့ အခါ yes နှိပ်လိုက်မိရင် browser က ကိုယ့်ရဲ့ facebook acc, gmail တို့ရဲ့ password တို့ကိုမှတ်ထားလိုက်ပါတယ် သဘောက browser က User တွေကို password ထပ်ရိုက်စရာမလိုအောင်ပြုလုပ်ပေးထားတာပါ ဒါပေမဲ့ ဒီ feature ဟာ ကိုယ်အိမ်မှာ သုံးရင်ကိစ္စမရှိပေမဲ့ Publicaccess( Internet caf é, wifi access) ရှိတဲ့ နေရာမှာဆိုရင် အဆင်မပြေပါဘူး
၁.၁) ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ
1. Portable software တွေဖြစ်တဲ့ firefox,opera အစရှိတဲ့ browser တွေကို ကျတော်တို့က memory stick ထဲထည့်ပြီး public access မှာ ကိုယ်ပိုင browser တွေကိုယူဆောင်ပြီး အသုံးပြုပါ တကယ်လို့ အဆင်မပြေသည်ရှိသော် remember password တောင်းရင် ok ကိုမနှိပ်မိပါစေနဲ့ cancel လုပ်လိုက်ပါ နောက်ပြီး မိမိသုံးနေတဲ့ publicinternet accessက browser တွေမှာ history တွေကို clear လုပ်လိုက်ပါ ( firefox မှာ clear recent history တွေကိုရှင်းလိုက်ပါ shortcut အနေနဲ့ Ctrl+Shift+Del) History ရှင်းရခြင်းရဲ့ ရည်ရွယ်ချက်မှာ firefox password viewer တွေနဲ့ ကိုယ်ရဲ့ user name, password ကိုကြညလို့ရတာကြောင့်ဖြစ်ပါတယ 2. နောက်တစ်ခုပြုလုပ်ရမှာကတော့ Publicinternet access မှာကိုသုံးခဲ့တဲ အကြောင်းအရာတွေကိုမကျန်အောင် Run box (win+r) မှာ recent,temp,%temp%,prefetch တို့ကိုတစ်ခုချင်းဆီရိုက်ပြီး Shift+del နဲ့ ဖျက်ပစ်လိုက်ပါ ( del နဲ့ဖျက်ခြင်းသည် recycle bin ထဲရောက်သွားသဖြင့် Restore ပြန်ခေါ်နိုင်သည်)

Internet Security (3)

CA ဆိုတာ ——
၁) ကျတော်တို့နိုင်ငံမှာ ယခုဆိုရင် အင်တာနက်စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါပြီ အင်တာနက်ကိုအသုံးပြုပြီး Online Banking System တွေလည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် အင်တာနက်နဲ့ငွေပေးချေမှုတွေ၊ဈေးဝယ်မှုတွေ ကို ကျတော်တို့ အသုံးပြုနိုင်ပါပြီ အင်တာနက်လုံခြုံရေးဟာ အင်မတန အရေးကြီးလာပါပြီ ကိုယ်မသိလိုက်တဲ အချိန်တစ်ခုမှာ ကိုယရဲ့ ပိုင်ဆိုင်မှုတေ တစ်ခဏအတွင်း ပျောက်ကွယ်သွားနိုင်ပါတယ ဒီတော့ ဘယ်လိုကာကွယ်မလဲ အင်တာနက်နဲ့ ငွေပေးချေတဲ့ website တွေကို ဖွငမယ်ဆိုရင် သတိထားရမယအချက်တွေကတော —-မိမိ ငွေပေးချေတဲ့ website ရဲ့ URL မှာ https feature ပါမှ အသုံးပြုပါ သာမန် website တွေမှာ http feature ဟာကိစ္စမဖြစ်ပေမဲ့ ငွေးပေးချေတဲ လုပ်ငန်းတွေမှာ တော့ http feature ဟာလုံခြုံစိတ်ချမှု မရှိပါဘူး ဒါကြောင့် httpsfeature မပါတဲ့ web site တွေမှာ မိမိအတွက် အရေးကြီးမဲ ကိစ္စ ဆိုရင် အသုံးမပြုသငပါဘူး https ဆိုတာကတော့ http ရဲ့နောက်မှာ s ဆိုတာဟာ security ကို ပြောတာပါ httpsfeature ကို support လုပ်တာကတော့ CA ဆိုတဲ့ အဖွဲ အစည်းပါ CA ကဘယ်လို ၀န်ဆောင်မှုတွေပေးသလဲဆိုတော့ မိမိအသုံးပြုမဲ့ website တွေရဲ့လုံခြုံမှုကို ၀န်ဆောင်မှုတွေပေးထားတာပါ CA ဘယ်လိုလုပ်ဆောင်သလ ? ကျတော်တို့ အင်တာနက်စာမျက်နှာ (web page) www.google.com ကို URL မှာရိုက်ထညလိုက်တဲ့အခါ google server ကိုသွားပြီးမှ မိမိအသုံးပြုတဲ့ computer က browser ဆီကိုရောက်တာပါ အဲ့ဒီအခါမှာ hacker တွေက ကြားကနေ attack လုပ်ပြီး google server ဆီမရောက်ခင် ကြားကနေ ဖမ်းပြီး web site အတုနဲ မိမိ အသုံးပြုတဲ့ web page ဆီကိုပို့လွှက်လိုက်တယ် အဲ့ဒီအခါ ကိုယရဲ့ username , password တွေကို hacker တွေက အလွယ်တကူထိမ်းချုပ်သွားနုင်ပြီပေါ့ သာမာန် web site တွေမှာ တော့ သိပ်ရေးမကြီးပေမဲ gmail တို့ အင်တာနက်နဲ့ ငွေပေးချေမူတို ဈေးဝယ်မူတွေလုပ်တဲ့အခါ လုံချုပ်မှုမရှိတော့ဘူးပေါ့
ဒါတွေကို CA ဆိုတဲ့ ၀န်ဆောင်မူက အကောင်းဆုံး လုပ်ပေးနိုင်ပါတယ မိမိ အသုံးပြုတဲ့ website က CA ရဲ့ ၀န်ဆောင်မူကို အသုံးပြုထားပါက မိမိအသုံးပြုတဲ့ website ကို URL မှာ ရိုက်လိုက်တဲ့ အခါ ပထမဦးဆုံး မိမိအသုံးပြုတဲ့ web server ဆီကိုသွားပြီး မိမိ computer ရဲ့ browser ကိုမရောက်ခင် CA ရဲ့ server ဆီကိုရောက်သွားပြီး လုံခြုံစိတ်ချရမူ ရှိမရှိ စစ်ပေးပြီးမှ မိမိ computer ရဲ့ browser ဆီ မှန်ကန်ပြီး လုံခြုံစိတ်ချရတဲ့ website ကိုမိမိ computer ရဲ့ browser ရဲ့ web page မှာ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါပြီ ။ CA ရဲ့ဝန်ဆောင်မှုတွေကို ဘယ်လို website တွေမှာ တွေ့နိုင်မလဲ Gmail တို့ facebook တွေမှာ ဒီဝန်ဆောင်မူတွေကို တွေနိုင်ပါတယ CA ရဲ့ ၀န်ဆောင်မူကိုအသုံးပြုတဲ့ owner တွေကတော့ CA ကိုဝန်ဆောင်ခပေးရမှာတော့ အသေအချာပါပဲ URL မှာ https:\\mail.google.com, https:\\facebook.com ရိုက်ပြီးအသုံးပြုပါက မိမိ ရဲ့ Gmail, facebook တို့ လုံခြုံပြီပေါ့ နောက်ဆုံးကျတော်ပြောချင်တာကတော ကျတော်တို့ ဆီမှာလည်း online နဲ့ ငွေပေးချေမူတို ဈေးဝယ်မူတို့တွေကို ပြုလုပ်တဲ့အခါ CA ရဲ ၀န်ဆောင်မူဖြစ်တဲ့ https (httpsecurity) feature မပါတဲ့ web site တွေဆိုလုံခြုံမူမရှိတဲ့အတွက အသုံးမပြုသင့်ပါဘူး ။ ။ ကဲဗျာ CA ရဲ့ အရှည်ကောက်ကတော့ Certificate Authority ပါ။

Internet Security (4)

Complex password ဆိုတာကတော–့ -၁။ Character မှာ နှစ်မျိုးခွဲထားပါတယ် Lower Letter (a to z ) Upper letter (A to Z)
၂။ Numerical ဆိုတာကတော ဂဏန်းကိုပြောတာပါ 1 to 9 ကိုပြောတာပါ
၃။ Symbol ဆိုတာကတော့ သင်္ကေတတွေကိုပြောတာပါ ဥပမာ။ ။ ! @#$%^&*()_+/\] ဒါတွေကတော့ symbol တွေပါ ကဲဒါဆို မိမိ email နဲ့ social network တွေရဲ password တွေကို complex password ပေးဖို အခုဖေါ်ပြထားတဲ့ ၃ မျိုးကိုပါဝင်ပြီးပေးနိုင်ပါတယ် ဥပမာ နံပါက် ၁ အချက်အရ Character နှစ်မျိုးကို ပါအောင်ပေးရမယ်ဆိုတော SkyFall
နံပါက် ၂ အရ numerical ဆိုတော 009 နံပါတက်
၃ အရ symbol ဆိုတော *.* ကဲ ၃ ခုပေါင်းလိုက်တော့ complex password တစ်ခုရပြီပေါ့ SkyFall009*.* ကဲဒီလောက်ဆိုရင်တော့ Complex password ပေးလို့ရပြီပေါ့ ။ ။ ကဲ— ဒါဆိုရင် ဒီလောက်ပါဘဲ MIT group member တွေလဲ ကျန်းမာပျော်ရွှင် နိုင်ကြပါစေ၊ IT beginner တွေလဲ မကွေ့ မကောက်ဘဲ မိမိရဲ လိုရာ ပန်းတိုင်ကို တက်လှမ်းနိုင်ပြီး မိမိနိုင်ငံ ရဲ့ IT လောက ဖွံ့ဖြိုးဖို့အတွက် အုပ်တစ်ချပ် သဲတစ်ပွင့် တာဝန်ကို ထမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ----------

Zinhein
MIT-group

No comments:

Post a Comment