Tuesday 25 June 2013

Free Apple ID Account(USA) ဖွင့်နည်း

I Phone တစ်လုံး ၀ယ်ပြီ ဆိုရင်တော့ apple id account ရှိဖို့လိုတယ်နော် အခုပြောပြမှာကတော့ 

Apple id account ဖွင့်နည်းလေးပါ သူ့ရဲ့ဆိုလိုရင်းကို သိပြီဆိုရင်တော့ ကိုယ့်ပါရင် လုပ်လို့ရပါပြီ


အင်တာနက်မှာ အကူအညီ တောင်းစရာ မလိုပါတော့ဘူး….အခု Accoount ဖွင့်နည်းလေးကိုတော့


USA account ဖွင့်နည်းလေး ပြောပြပါမယ် begineer သမားတွေ အတွက် အသုံးဝင်ပါတယ် ယခုမှ


စသုံးတဲ့သူတွေလည်း ဒီပို့စ်လေးကို ကြည့်ပြီး လိုက်လုပ်နိုင်ပါတယ်  ခင်ဗျာ


ယခုလုပ်ဆောင်မှုကို လုပ်ဖို့အတွက် မိမိရဲ့ ကွန်ပြူတာမှာ i Tunes software ရှိဖို့လို့ပါတယ် မရှိပါက


ဒီမှာဒေါင်းနိုင်ပါသည် Apple iTunes Software Download links

                    


အဆင့် (၁)

ကွန်ပြူတာကနေ i Tunes ကိုဖွင့်လိုက်ပါ ပြီးရင် ညာဘက် အပေါ်နားမှာ iTunes Store ကို 
ဝင်လိုက်ပါ။ ပြီးရင် နောက်စာမျက်နှာ တစ်ခုရောက်သွားပြီး App Store ထဲကို ၀င်လိုက်ပါ ပြီးရင် free ရတဲ
့ game တစ်ခုခု ဒါမှမဟုတ် software တစ်ခုခုကို နှိပ်လိုက်ပါ ကျွန်တော်ကတော့ 
ပထမဦးဆုံး တွေ့တဲ့ဟာ Leaping Legend ကို နှိပ်လိုက်ပါတယ် 

အဆင့်(၂)

ပြီးရင် Free ဆိုတဲ့ အရာလေးကို နှိပ်လိုက်တော့ ဘောက်တစ်ခု တက်လာပြီးတော့ အဲဒီထဲ့ကမှ

Create Apple ID ကို နှိပ်လိုက်ပါ

အဆင့်(၃)

 Welcome to the iTunes Store တက်လာပြီးတော့ Continue ကိုနှိပ်လိုက်ပါ
                          
အဆင့်(၄)

Terms and Conditions and Apple Privacy Policy 

ဆိုတဲ့ နောက်တစ်ခုတက်လာပြီးတော့ အောက်ကဘောက်တစ်ခုမှာ အမှန်ခြစ်ထည့်ပြီးတော့ Agree 

ကိုနှိပ်လိုက်ပါ                          
အဆင့်(၅)

ဒီမှာဆိုရင်တော့ စပြီးတော့ အရေးကြီးပြီ လိုအပ်တာတွေ ထည့်ပေးရမယ် အချက်အလက်တွေ မှန်အောင်

 ထည့်ပေးရပါမည်။ ကျွန်တော်ထည့်တာကို တစ်ခုချင်း လုပ်ပြပါမည်

Email နေရာမှာဆိုရင် မိမိရဲ့ email ကို ထည့်ပေးရပါမည် ကျွန်တော်ကတော့ ကျွန်တော်ရဲ့ email


ဖြစ်တဲ့
mmsdeveloper2013@gmail.com ကိုထည့်ပေးလိုက်ပါတယ်။

Password မှာဆိုရင်တော့ အရှေ့ဆုံးစလုံးက အကြီးဖြစ်ရပါမည် ပြီးတော့ အင်္ဂလိပ်စလုံး 


အကြီးဖြစ်ရပါမည် 

ဂဏန်း၃လုံးလောက်ပါရပါမည်။ ဥပမာ။  ။ Myanmarmobile123

Security info ကိုတော့ ကိုယ်မေးတာ ကိုယ့်ထည့်ကြပေါ့ ဒါမှမဟုတ်လား ကျွန်တော်ထည့်သလိုမျိုး


ထည့်နိုင်ပါသည် မေးခွန်းတွေက တစ်ခုနဲ့ တစ်ခု မတူတဲ့ အတွက် အဆင်ပြေတာလုပ်ကြပါ။


What is the first name of best friend?    aung min han
What is your dream job?                       Mobile
What was the first name of my boss?      phyo chan


Optional Rescue Email မှာဆိုရင် iTunes Accountဖွင့်နေတဲ့ email မဟုတ်ဘဲ iTunes account


 ရှိပြီးသား email ကိုထည့်ပေးထားပါ မရှိပါကလည်း ဒီကောင်လေးကို ထည့်ပြီးသုံးနိုင်ပါတယ်

myanmarmobilesoftwaredeveloper@gmail.com အဲကောင်လေးကို ထည့်ပြီးတော့သုံးနိုင်ပါတယ်

ပြီးရင် မွေးနေ့တွေထည့်ပေးပါ။ပြီးပြီဆိုရင်တော့ အမှန်ခြစ်တွေ အကုန်ထည့်ပြီးတော့ continue ကို နှိပ်


ပေးပါ

                              
အဆင့်(၆)

ဒီအဆင့်
ကအရေးကြီးပါတယ် အဲဒီအဆင့်မှာ Provide a Payment Method ဆိုတဲ့ အောက်က

 စာတွေထဲမှာ United States,click here ဆိုတဲ့ စာလေးတွေပါလိမ့်မည် မတွေ့ပါက click here ဆိုတဲ့

စာသားလေးကို နှိပ်ပြီး United States ပြန်ပြောင်းပေးပါ ပြီးရင် None ဆိုတဲ့ စာသားလေးကို click


 တစ်ချက်နှိပ်ပေးပါ reflesh တစ်ချက်လုပ်သွားပါလိမ့်မည် ပြီးရင် To redeem acode or gift 

certificate,enter here.ဆိုတဲ့ စာကြောင်းအောက်မှာ Enter Code ဆိုတဲ့ chat box လေးရှိပါတယ်

ဘာမှမထည့်ပါနဲ့။ပြီးရင် Billing Address မှာ Mr,Mr.s  ပြောင်းပေးပါ


Name နေရာမှာ ကြိုက်တာထည့်ပါ အောက်က အချက်အလက်တွေ ဖြည့်ဖို့ အတွက်တော့


download လင့်လေး ပေးထားပါတယ်ခင်ဗျာ ဆွဲပြီးတော့ ထည့်ပေးကြပါ ပြီးရင်တော့ Create Apple ID 


ကို နှိပ်ပေးပါ (လိပ်စာ ၇ခုပေးထားပါတယ်) ဒီမှာဒေါင်းပါ
အဆင့်(၇)
Create Apple ID နှိပ်ပြီးတာနဲ့ Verify Your Apple ID ဆိုတဲ့ နောက်စာမျက်နှာလေး 

တစ်ခုတက်လာပါလိမ့်မည် မတက်လာပါက အစကနေပြန်လုပ်ပေးပါ အရေးကြီးတဲ့ အဆင့်ကတော့

အဆင့် (၆) မှာ မမှားဖို့လိုပါတယ် ပြီးရင် OK ကို နှိပ်ပေးပါ နောက်ချက်ဘောက်တစ်ခုတက်လာရင်


လည်း OK ကိုသာ နှိပ်ပေးပါ

အဆင့်(၈)

ပြီးရင် browser ကနေပြီးတော့ မိမိရဲ့ gmail ကိုဖွင့်လိုက်ပါ ကျွန်တော်ကတော့ ကျွန်တော်ရဲ့ gmail ဖြစ်တဲ့

 mmsdeveloper2013@gmail.com ကို သွားဖွင့်လိုက်ပါတယ် ပြီးရင် apple က Mail ပို့ထားပါလိမ့်မည် 

oင်လိုက်ပါ အဲဒီထဲ့ကမှ Verify Now> ကို နှိပ်လိုက်ပါ
အဆင့်(၉)

နောက် browser တစ်ခုရောက်သွားပြီးတော့ apple id account ရယ် password ရယ်ဖြည့်ပေးပါ

ကျွန်တော်ကတော့
mmsdeveloper2013@gmail.com ရယ် password ရယ် ဖြည့်ပေးလိုက်ပါတယ်

password ကတော့ အဆင့်(၅)က ဖြည့်တဲ့ အတိုင်းပြန်ဖြည့်ပေးရပါမယ် ပြီးရင် Verify Address ကို


နှိပ်ပေးပါ

အဆင့်(၁၀)

နောက်ဘောက်တစ်ခုတက်လာပြီးတော့ Email adderss verified ဆိုတာလေးတက်လာရင်တော့

ok  သွားပါပြီ Retun to iTunes ကို နှိပ်ပေးပါ




အဆင့်(၁၁)

ပြီးရင်တော့ မိမိရဲ့ ကွန်ပြူတာက iTunes ကိုဖွင့်ပြီးတော့ Apple ID ရယ် Password ရယ် 


ထည့်ပေးလိုက်ပါ အဆင်ပြေပါပြီ


ကဲအားလုံးဘဲ အဆင်ပြေကြပါစေ အခုဆိုရင် USA Account တစ်ခု Free လုပ်ပြီးသွားပြီနော်

Account ဖွင့်ဖို့ အတွက် အဓိက အချက်က ဘာလဲဆိုတော့ လိပ်စာပါဘဲ ဒီထဲမှာ ဆိုရင် လိပ်စာ


၇ခု ထည့်ပေးထားပါတယ် သိပြီးတဲ့ သူတွေကတော့ သိပြီးပြီပေါ့ မသိသေးတဲ့ သူများအတွက်ပါ


အားလုံးဘဲ အဆင်ပြေကြပါစေ

PDF အနေနဲ့ သိမ်းထားချင်တယ် ဆိုရင်တော့ ဒီမှာ ဒေါင်းနိုင်ပါသည်


PDF Download Links

အဆင်မပြေမှုရှိပါက ဆက်သွယ်နိုင်ပါသည်
mmsdeveloper2013@gmail.com
aungminhan123@gmail.com

No comments:

Post a Comment