Sunday 23 June 2013

iPhone ထဲက ဖုန်းနံပါတ်Contacts ပေါင်း ရာချီခန့်ကို Android ဖုန်းထဲသို့ တစ်ပြိုင်နက်ထဲစက္ကန့်ပိုင်းအတွင်း လှမ်းပို့နည်းလေးပါ


Bump ဆော့ဝဲဖြင့် တစ်ပြိုင်နက်ထဲစက္ကန့်ပိုင်းအတွင်း ဖုန်းဖုန်းချင်းလှမ်းပို့နိုင်ပါတယ်

ပို့နည်းကတော့ လွယ်လွယ်လေးပါ သင့်ဖုန်းနှစ်လုံးစလုံးမှာ အင်တာနက်ရှိရပါမယ်

ဖုန်းနှစ်လုံးစလုံး  Bump ဆော့ဝဲကို ဝင်လိုက်ပါ ။

ပြီးရင် iPhone ကို Bump ဆော့ဝဲက Contacts ထဲဝင်လိုက်ပြီး ကိုယ်ပို့မယ့်နံမည်တွေကိုရွေးလိုက်ပါ အကုန်ပို့မယ်ဆိုရင်တော့ All သာ နှိပ်လိုက်ပါ ။

ပြီးရင် ဖုန်းနှစ်လုံးစလုံးကို တုန်ခါမှုပေးလိုက်ပါ ( ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးကို လက်ဖြင့်ဆုပ်၍ တိုက်လိုက်ပါ )

သင့်ဖုန်းနှစ်လုံးစလုံးရဲ့ နာမည်တွေ တစ်ဘက်ဆီမှာပေါ်လာပါမယ် နှစ်ဘက်လုံးကို Connect ကို နှိပ်ပေးလိုက်ပါ ။


သင့်ပို့ချင်တဲ့ဖုန်းကို အကုန်လုံး ချက်ခြင်းရောက်သွားပါပြီ ကဲ....မြန်မှမြန်နော် :)

Bump ဆော့ဝဲကို လိုချင်သူများ မားကပ်တွေမှာ ဖရီးပေးထားပါတယ် ။ မားကပ်ဝင်ရတာ အဆင်မပြေသူများကတော့ အောက်မှာဒေါင်းယူပါ ။


ကျနော့်ဖုန်းထဲက  Contacts  ပေါင်း 209 ခုကိုလှမ်းပို့ထားပုံကို Video နဲ့တကွ ဖော်ပြပေးထားပါတယ် ။



iPhone အတွက် Bump V3.5.10 ဆော့ဝဲကို ဒီမှာဒေါင်းယူပါ ။

Android အတွက် Bump V3.6.5 ဆော့ဝဲကို ဒီမှာဒေါင်းယူပါ ။


အားလုံးပဲ အဆင်ပြေကြပါစေ... :)

Post By : Djjoe Man (MMF) 
http://www.freemobilesharing.blogspot.co/2013//iphonecontactsandroid.html#.UccfQG3wmYE

No comments:

Post a Comment